October 20, 2024

MT News
၁၅. ၂. ၂၀၂၄

ဆူပူမီးရှို့မှုများဖြင့် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသူဆိုတော့ မယဥ်မိုး အကျဥ်းထောင်အတွင်း သေဆုံးခဲ့သည့်ဖြစ်စဥ်တွင် ထောင်တွင်းဆေးရုံသာမက ပြင်ပဆေးရုံကြီးများအထိပါ အကြိမ်ပေါင်းများစွာ ပို့ဆောင် ကုသမှုခံယူစေခဲ့ကြောင်း SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဖြေရှင်းထားသည်။

မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင်အတွင်း ဆေးကုသမှု လုံလောက်စွာမရရှိခဲ့ဘဲ ကျောက်ကပ်ရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ သေဆုံးသွားကြောင်း၊ ထောင်တွင်းဆေးရုံ၌ မည်သည့်ရောဂါမှန်းမသိဘဲ ကုသမှုခံယူနေရင်းက နေမကောင်းလိုက်၊ ပြင်ပဆေးရုံပို့လိုက်၊ လုံခြုံရေးမပေးနိုင်ဘူးဆိုကာ အကျဉ်းထောင်သို့ ပြန်ပို့လိုက်နှင့် ဖေဖော်ဝါရီ(၄)ရက်နေ့က သေဆုံးသွားကြောင်း၊ အကျဉ်းထောင်တွင် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိကြောင်း သတင်းအမှားများကို တရားမဝင်မီဒီယာ Mizzima က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ ကောလဟလသတင်းနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ မယဉ်မိုးသည် အများသူငါသွားသည့် လမ်းပေါ်၌ တာယာကွင်းများအား ဓါတ်ဆီလောင်း၍ မီးရှို့ခြင်း၊ ဆူပူအော်ဟစ်ခြင်း၊ အားပေးကူညီခြင်း၊ ပြစ်မှုများဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ကြောင်း၊ အကျဉ်းထောင်လုပ်ငန်း သဘောသဘာဝအရ မန္တလေးထောင်မှ မြင်းခြံထောင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ မြင်းခြံထောင်တွင် နှလုံးသွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ အမောဖောက်ရောဂါတို့ဖြင့် ထောင်ဆေးရုံတွင် ၁-၇-၂၀၂၃ မှ ၁၀-၇-၂၀၂၃ အထိ ကုသပေးခဲ့ကြောင်း၊ ၁၀-၇-၂၀၂၃ တွင် မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးစေခဲ့ကြောင်း၊ သမားတော်ကြီးများက မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရန် မှတ်ချက်ပြုပြီး ၂၁-၇-၂၀၂၃ ရက်နေ့ တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးဝါးကုသနိုင်ရန်အတွက်  မြင်းခြံထောင်မှ မန္တလေးထောင်သို့ ၇-၈-၂၀၂၃ ရက်နေ့တွင် ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးသို့ ၁၄-၉-၂၀၂၃ ရက်နေ့တွင် ပြသခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးသို့ ၅ ကြိမ် ဆေးရုံတက်ကုသပြီး သမားတော်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ကုသဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆေးရုံတင်ပို့ကုသနေစဉ် ၄-၂-၂၀၂၄ ရက်နေ့၌ ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးမသွားနိုင်ခြင်းရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အကျဉ်း ထောင်ဥပဒေအရ နေမကောင်းသူကို ဆေးကုသခွင့်မပေး၍မရကြောင်း၊ အကျဉ်းထောင်ဆေးရုံ၌ အကျဉ်းထောင်ဆရာဝန်နှင့် ကုသနိုင်သလောက်ကုသပေးပြီး လိုအပ်ပါက ပြင်ပပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးရပါကြောင်း၊ လုံခြုံရေးမပေးနိုင်၍ ဆေးရုံမှ ဆင်းခွင့်တောင်းခြင်းပြုလုပ်၍ မရပါကြောင်း သတင်းဖော်ပြချက်များမှာ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် အဖျက်အမှောက် ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြထားသည့် သတင်းဖြစ်ကြောင်း ဖြေရှင်းချက်တွင် ဖော်ပြထားသည်။

◾MT News သတင်းဌာနက ဖော်ပြခဲ့သော မယဥ်မိုးသေဆုံးသည့် ကနဦးသတင်းဖတ်ရှုရန်

https://t.me/MT_News_Media/26477

Leave a Reply

Your email address will not be published. Required fields are marked *