October 20, 2024

MT News
၁၄. ၂. ၂၀၂၄

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ယနေ့စတင် ဖွဲ့စည်းလိုက်သည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ အထက်ပါအဖွဲ့မျိားကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တာဝန်ယူမည်ဖြစ်သလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တာဝန်ယူရမည်ဖြစ်ကာ အဆိုပါအဖွဲ့များအားလုံးတွင် အဖွဲ့ဝင် ၉ ဦး ပါဝင်မည်ဖြစ်သည်။

ထို့အတူ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလ သတင်းများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပြီး

(၁) ၀၆၇-၃၄၀၄၉၁၁

(၂) ၀၆၇-၃၄၀၄၉၂၂

(၃) ၀၆၇-၃၄၀၄၉၃၃

(၄) ၀၆၇-၃၄၀၄၉၄၄

(၅) ၀၆၇-၃၄၀၄၉၅၅

အထက်ပါဖုန်းနံပါတ်ငါးလုံးကို စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးဆက်သွယ်လာသည့် တယ်လီဖုန်း နံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *