October 19, 2024

၁၄.၂.၂၀၂၄
Written By Thandar

သရုပ်ဆောင် ခင်လှိုင်ရဲ့သား သရုပ်ဆောင်နေရဲနဲ့ ချောတို့ရဲ့ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မင်းကွန်းတိုက် မင်းကွန်းတိပိဋကရွှေရတုခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“အစ်ကိုနေရဲတို့ စုံတွဲက တွဲတာလည်း အရမ်းကြာနေပြီ။ နှစ်တွေ အကြာကြီးထိ သံယောဇဉ်မဖြတ်နိုင်ဘဲ ဆက်ရှိသွားနိုင်လို့ ဂုဏ်ယူ အားကျပါတယ်။ အစ်ကိုတို့က တစ်ယောက်ထဲကိုပဲ နှစ်ရှည် ချစ်ခဲ့ကြတာလေ။ ကိုယ်လည်း တစ်ယောက်ထဲချစ်ပြီး ဒီလူနဲ့ပဲ လက်ထပ်ချင်တယ်” လို့ သရုပ်ဆောင် သဇင်ထူးမြင့်က ပြောပါတယ်။

အဆိုပါ မင်္ဂလာပွဲကို အနုပညာရှင် ညီအစ်ကိုမောင်နှတွေဖြစ်ကြတဲ့ အကယ်ဒမီ ဝေဠုကျော်၊ အလင်းရောင်၊ စည်ဖြိုး၊ သိန်းလင်းစိုး၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ရွှေသမီး၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံ၊ အေးသီတာ၊ ပတ္တမြားကေခိုင်၊ ရေကြည်ချမ်းမြ၊ ဘင်းတို့ ဇနီးမောင်နှံ၊ အေဏီဇော် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

နေရဲနဲ့ချောတို့ရဲ့ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို အနုပညာအသိုင်းအဝိုင်းကလည်း ဂုဏ်ပြုစကားတွေပြောပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *