October 19, 2024

၁၄.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဆိတ်ကြီးကွင်း(ကျူးတဲစု) အနောက်ပိုင်းရပ်ရှိ သင်္ချိုင်းကုန်းအနီး တောထဲတွင် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အသက် ၆ နှစ်အရွယ် မွေးစားသမီးကို ပထွေးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ကလေးငယ်၏ မွေးစားမိခင်ဖြစ်သူက ကျောက်တန်းမြို့မစျေးသို့ ငါးရောင်းသွားနေစဥ် မိခင်၏ နောက်အိမ် ထောင်ဖြစ်သူ အသက် (၅၄)နှစ်အရွယ် ဦးချစ်ဦးက ထင်းခုတ်ရန်အတွက် အသက်(၆)နှစ်အရွယ်မွေးစားသမီးကို ဘေးတွဲဆိုင်ကယ်ဖြင့် တောထဲသို့ ခေါ်ဆောင်သွားပြီး သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မိခင်ဖြစ်သူက စျေးမှပြန်လာစဥ် မွေးစားသမီးကို မတွေ့သဖြင့် လိုက်လံရှာဖွေရာမှ တောထဲတွင် သမီးဖြစ်သူကို ဘေးတွဲဆိုင်ကယ်အနီး ရပ်​နေသည်ကိုတွေ့၍ မေးမြန်းရာမှ သားမယား ပြုကျင့်ခံရကြောင်းသိရှိခဲ့ရသည်။

ထို့ကြောင့် အသက် ၆ နှစ်အရွယ် သမီး အဓမ္မပြုကျင့်ခံရမှုနှင့် ​ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ၃၆၇/၃၇၆ဖြင့် ကျောက်တန်း​မြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *