October 20, 2024

၁၄. ၂. ၂၀၂၄
Written by Pan Ei

စပိန်နိုင်ငံက အနုပညာရှင်တစ်ဦးဖြစ်တဲ့ Alicia Framis ဆိုတဲ့ အမျိုးသမီးဟာ AI (ဉာဏ်ရည်တု) နဲ့ ဖန်တီးထားတဲ့ ဟိုလိုဂရမ် အမျိုးသားနဲ့ အခုနှစ် နွေရာသီမှာ လက်ထပ်တော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး အဲ့ဒီ လက်ထပ်ပွဲဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးသော လူသားနဲ့ AI ရဲ့ လက်ထပ်ပွဲဖြစ်လာမှာပါ။

သိပ္ပံရုပ်ရှင်တွေကနေ လက်တွေ့အဖြစ်ကို ပြောင်းလဲလာခဲ့သလိုပဲ Framis ဟာ ဆက်ဆံရေးနဲ့ အိမ်ထောင်ရေးရဲ့အနာဂတ်အတွက် စံနမူနာပြနိုင်တဲ့ဖြစ်ရပ်အနေနဲ့ AI နဲ့ သူမစိတ်ကြိုက်ဖန်တီးထားတဲ့ ဟိုလိုဂရမ် အမျိုးသားနဲ့ လက်ထပ်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာမှာဖြစ်သလို Framis က သူမရဲ့မင်္ဂလာပွဲအတွက် နယ်သာလန်နိုင်ငံ၊ ရော်တာဒန်မြို့က ပြတိုက်ကို ကြိုတင်မှာယူထားပြီဖြစ်ပြီး အခုအခါ သူမရဲ့မင်္ဂလာဝတ်စုံကိုလည်း ဒီဇိုင်းဆွဲနေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Framis ရဲ့အဆိုအရ သူ့ရဲ့ခင်ပွန်းလောင်းအမည်က AILex ဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲဟာ AI ခေတ်မှာ ချစ်ခြင်းမေတ္တာ၊ ရင်းနှီးမှုနဲ့ အထောက်အထားတွေကို စမ်းသပ်ချင်တဲ့ သူမရဲ့ ‘Hybrid Couple’ လို့ခေါ်တဲ့ ပရောဂျက်အသစ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Framis ရဲ့အင်စတာဂရမ်အကောင့်မှာလည်း သူမဟာ ချက်ပြုတ်ခြင်းနဲ့ ထမင်းစားခြင်းလိုမျိုး နေ့စဥ်လုပ်ဆောင်မှုတွေမှာ သူမရဲ့ AI နဲ့ ဖန်တီးထားတဲ့ တွဲဘက်နဲ့ ကြည်နူးပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကို မျှဝေလေ့ရှိပါတယ်။

အဲ့ဒါကြောင့် AI ကို သုံးပြီး လူသားနဲ့ စက်ရုပ်တို့ရဲ့ ဆက်ဆံရေးတွေဟာ သိပ္ပံစိတ်ကူးယဉ်မဟုတ်တော့ဘဲ အနာဂတ်မှာလည်း ပိုမိုပျံ့နှံ့လာနိုင်တဲ့ ပစ္စုပ္ပန်ဖြစ်ရပ်မှန်တစ်ခုဖြစ်နေပါတယ်။

Ref; WION

Leave a Reply

Your email address will not be published. Required fields are marked *