October 20, 2024

၁၄.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၁၆) ရပ်ကွက် မြို့ပတ်လမ်းတွင် ယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) နံနက် ၄ နာရီ ၄၀ မိနစ်ခန့်က ကားပေါ် ခြင်ဆေးခွေထွန်း၍ အိပ်ရာမှ အနီးရှိ ဆို​ဖာထိုင်ခုံပေါ် မီးကူးစက်၍ ကားနှစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်သော ကားများမှာ HIGER အမျိုးအစား ဖြစ်ပြီး ညအိပ်ရပ်နားထားစဥ် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကားဆိုဖာထိုင်ခုံများ၊ တာယာလေးလုံးနှင့် အင်ဂျင်ခန်းရှိ ဝါယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

မီးလောင်မှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၁ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့်ဖြင့် ငြိမ်းသတ်ခဲ့ကြသည်။

အလားတူ ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီကျော်က မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက် သုဓမ္မာလမ်းရှိ Local bar တွင် မီးရထားခေါင်းပုံစံ အလှဆင်ထားသော အခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *