October 23, 2024

၃. ၁၂. ၂၀၂၂

Photo- Kyaw Soe Moe(Pyapon)

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅) နာရီ (၃၀ ) မိနစ်အချိန်က ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်သတ်မှတ်ကာ ဆင်နွှဲကျင်းပခဲ့သည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူလူထုအင်အား(၃၀၀)ခန့်တို့က ဘုရားကြီးလမ်း၊ လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်မှ မြို့နယ်ပြည်သူ့အားကစားကွင်းသို့ ပျော်ရွှင်စွာလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးဒေါ်ခင်မိုးဝါဦးဆောင်ပြီး အကြောလျှော့လေ့ကျင့်ခန်းနှင့် Fitness Dance လေ့ကျင့်ခန်းများပြုလုပ်ကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်(ဒီဇင်ဘာလ) လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *