October 19, 2024

၁၄. ၂. ၂၀၂၄
Written By Thandar

၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီဆုများ ရရှိခဲ့သော ရည်ရွယ်မိုး ရုပ်ရှင်ဇာတ်ကားနဲ့ ကံကောင်းရုပ်ရှင်ဇာတ်ကားတို့ကို မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြန်လည်ရုံတင်ပြသလျက်ရှိတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်က နေပြည်တော်ရှိ MICC 1 မှာ ကျင်းပခဲ့ရာ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကတော့ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို နေဝင်းကလည်း” ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားနဲ့ ဆု ရရှိခဲ့တာဖြစ်ပါတယ်။

“၂၀၂၃ ခုနှစ်မှာ အကယ်ဒမီ ဆုရရှိခဲ့တဲ့ ရည်ရွယ်မိုးရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကံကောင်းရုပ်ရှင်ဇာတ်ကားကြီးတွေကို မကြည့်ရှုလိုက်ရသေးတဲ့ ပရိသတ်တွေအတွက် မင်္ဂလာအဆင်မြင့်ရုပ်ရှင်ရုံတွေမှာ ပြန်လည်ကြည့်ရှုနိုင်ပါပြီဆိုတဲ့အကြောင်း အသိပေးလိုက်ရပါတယ်”လို့ Mingalar Cinemas ကတာဝန်ရှိသူက ပြောပါတယ်။

အကယ်ဒမီဆုတွေ ရရှိခဲ့တဲ့ ရည်ရွယ်မိုးနဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကားတို့ကို မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ဖေဖော်ဝါရီ ၉ ရက်က‌နေ စတင်ပြီး ပြသလျက်ရှိပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *