October 20, 2024

တစ်ပတ်အတွင်း စစ်သင်္ဘောငါးစီး နစ်မြုပ်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၀၀၀ အထက် သေဆုံးဖမ်းဆီးခံခဲ့ကြရဖွယ်ရှိနေ

၁၄. ၂. ၂၀၂၄
Writtten by Nay Moe

စစ်သင်္ဘောတစ်စီးကို AA လက်နက်ကိုင်အဖွဲ့က ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် တစ်ပတ်အတွင်း စစ်သင်္ဘောငါးစီး နစ်မြုပ်ဆုံးရှုံးခဲ့ရသလို လိုက်ပါလာတဲ့ ကလေးသူငယ်တွေ၊ တပ်မတော်သားမိသားစုတွေနဲ့ နိုင်ငံဝန်ထမ်းတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေစတဲ့ လူဦးရေစုစုပေါင်း ၁၀၀၀ အထက် သေဆုံးဖမ်းဆီးခံခဲ့ကြရဖွယ်ရှိနေတယ်လို့ ဖြစ်စဥ်အပေါ်ခန့်မှန်းသတင်းတွေအရ သိရပါတယ်။

AA ဟာ ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်နေ့တွေမှာ တပ်ဆုတ်လာတဲ့ ကလေးသူငယ်တွေ၊ တပ်မတော်သားမိသားစုတွေနဲ့ နိုင်ငံဝန်ထမ်းတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ခန့်မှန်းလူဦးရေ ၉၁၂ ဦး လိုက်ပါလာတဲ့ စစ်သင်္ဘောနှစ်စီးနဲ့ ကမ်းထိုးယာဥ်တစ်စီးကို တိုက်ခိုက်နှစ်မြုပ်ပြီး လိုက်ပါလာတဲ့သူအားလုံးကို ရေပေါ်တင်ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ ထွက်ပေါ်လာတဲ့သတင်းရုပ်သံတွေအရ သိရသလို ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ခန့်မှန်း ၁၀၄ ဦးပါတဲ့ စစ်သင်္ဘောကို တိုက်ခိုက်နှစ်မြုပ်လိုက်တဲ့အပြင် မနေ့က ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော နောက်ထပ် (၁) စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်လိုက်တာပါ။

ဒီဖြစ်စဥ်မှာ ပါဝင်ကျဆုံးတဲ့ သူတွေအတွက် ပတ်သက်ဆက်နွှယ်သူတွေက လူမှုကွန်ရက်မှာ ရက်လည်ကုသိုလ်တွေပြုလုပ်နေကြသလို MT News သတင်းဌာနအနေနဲ့လည်း ဒီစစ်သင်္ဘောနဲ့ ကမ်းထိုးယာဥ်တွေ ၅ စီးနစ်မြှုပ်မှုမှာ ကလေးသူငယ်တွေ၊ တပ်မတော်သားမိသားစုတွေနဲ့ နိုင်ငံဝန်ထမ်းတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်လောက်ကျဆုံးခဲ့တယ်ဆိုတာကို တာဝန်ရှိသူတွေထံ အတည်ပြုမေးမြန်းထားပြီးဖြေကြားလာချိန် ဆက်လက်ဖော်ပြပေးပါမယ်။

ပုံစာ။ AA က တိုက်ခိုက်နှစ်မြှုပ်သိမ်းပိုက်လိုက်သော စစ်သင်္ဘောငါးစီးပုံရိပ်။

Leave a Reply

Your email address will not be published. Required fields are marked *