October 20, 2024

၁၄. ၂. ၂၀၂၄
Written by Nay Moe

PDF တွေက ပျူရွာသတ်မှတ်ပြီး မကြာခဏတိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာက ရွာသားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ကို PDF ၉ ဖွဲ့ပေါင်း ပစ်ခတ်တိုက်ခိုက်တာကြောင့် ၇ ဦးသေဆုံးပြီး ၅ ဦးဖမ်းမိခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့က ပြောပါတယ်။

ဒီ တိုက်ခိုက်မှုကို မနေ့က ဖေဖော်ဝါရီ၁၃ ရက် မနက် ၇ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရဲ့တောင်ဘက် မီတာ ၁၀၀ ခန့်မှာ လက်နက်မဲ့လမ်းလျှောက်လာတဲ့ သရက်ကန်ရွာသား ၇ ဦးထဲက ၂ ဦးကို PDF ၉ ဖွဲ့က ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်ပြီး ဒီတိုက်ခိုက်မှုမှာ ရွာသား နှစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို လက်နက်မဲ့ ၅ ဦးအရှင်ဖမ်းမိခဲ့တာဖြစ်တယ်လို့ Earthquake People’s Defence Force အဖွဲ့က ဆိုပါတယ်။ ရွာသား ၇ ဦးက ၂ ဦးကို PDF ၉ ဖွဲ့က သတ်ဖြတ်ပြီး ၅ ဦးကို ဖမ်းလိုက်ချိန်မှာ သရက်ကန်ရွာ ပြည်သူ့စစ် ၈ ဦးနဲ့ပစ်ခတ်မှုဖြစ်ပေမဲ့ PDF တွေဘက်က အင်အားများတာကြောင့် ပြန်ဆုတ်သွားခဲ့သလို အဲဒီနောက် မနက် ၁၀ နာရီခွဲခန့်မှာ သေသွားတဲ့ရွာသား ၂ ယောက် အလောင်း လာကောက်တဲ့သူတွေကို PDF ၉ ဖွဲ့က ချောင်းပစ်တာကြောင့် ၅ ဦးထပ်မံသေဆုံးတယ်လို့ Earthquake People’s Defence Force အဖွဲ့က ပြောသလို သရက်ကန်ရွာက အိမ်တွေကိုလည်း PDF တွေက မီးရှို့ခဲ့ပါတယ်။

ဒီချောင်းမြောင်းပစ်ခတ်သတ်ဖြတ်မှုကို လုပ်ဆောင်တဲ့ PDF အဖွဲ့တွေက Badassess Burma Force၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂)၊ Pakokku People’s Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း(၁) တပ် ခွဲ(၄)စင်္ကြာတပ်ဖွဲ့နဲ့ Earthquake People’s Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *