October 20, 2024

၁၄. ၂. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ ဂျိုကိုဝီဒိုဒို၏နေရာ၌ မည်သူက ဆက်ခံ၍တာဝန်ယူမည်ကို အင်ဒိုနီးရှား ပြည်သူတို့က အဆုံးအဖြတ်ပေးရန်အတွက် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံတစ်ဝန်း၌ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် အင်ဒိုနီးရှားပြည်သူ သန်း ၂၀၀ ကျော်ပါဝင်မဲပေးကြမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် တစ်ရက်တည်းကျင်းပသည့် ရွေးကောက်ပွဲများအနက် အကြီးမားဆုံးလည်းဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းများအဖြစ် အနီးစ် ဘတ်စ်ဝီးဒန်၊ ပရာဗိုဝို ဆူဘီယန်တိုနှင့် ဂန်ဂျာ ပရာနိုဝိုတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို ၏သားလည်းဖြစ်သည့် ပရာဗိုဝို ဆူဘီယန်တိုက အနိုင်ရရှိရန် ရေပန်းအစားဆုံးဖြစ်နေခဲ့သည်။

အင်ဒိုနီးရှားအထွေထွေရွေးကောက်ပွဲကော်မရှင်က နိုင်ငံတစ်ဝန်း ပြည်နယ် ၃၈ ခုရှိ မဲပေးခရိုင် ၈၄ ခုတွင် မဲရုံ ၈၂၀,၁၆၁ ရုံကို တည်ထောင်ထားခဲ့သည်။ မဲပေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၇ နာရီ မှ စတင်ကျင်းပခဲ့သည်။

သို့သော် ဂျာဗားကျွန်းအလယ်ပိုင်း ဒီမတ်မဲဆန္ဒနယ်တွင် အနည်းဆုံးကျေးရွာ ဆယ်ခုမှာ ရေလွှမ်းမိုးခံနေရပြီး ဒေသခံ မဲဆန္ဒရှင် ၂၀၀၀၀ ခန့် မဲရုံများသို့ မလာနိုင်၍ ဒီမတ်ဒေသအတွင်း စုစုပေါင်း မဲဆန္ဒရှင် ၃၀,၀၀၀ ခန့်ကို မဲပေးရက် ရွှေ့ဆိုင်းရန်ရှိနေကြောင်း ကော်မရှင်က ပြောခဲ့သည်။ ရွေးကောက်ပွဲစည်းမျဉ်းများအရ အင်ဒိုနီးရှားနိုင်ငံတွင် သဘာဝဘေးဒဏ်ခံရသော မဲဆန္ဒနယ်များ၌ မဲပေးပွဲကို ဆယ်ရက်အထိ ရွှေ့ဆိုင်းနိုင်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဂျာကာတာမြို့၌လည်း နံနက်ပိုင်းမှစ၍ မိုးရွာသွန်းနေသော်လည်း မဲပေးမှုကိုမူ မထိခိုက်စေနိုင်ဟု သိရသည်။

Ref- The Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *