October 20, 2024

၁၄. ၂. ၂၀၂၄
Written by Nay Moe

တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ပါတီတွေ တက်ရောက်မဲ့”For the Freedom Of Nations Forum” ကို မြန်မာနိုင်ငံက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း တက်ရောက်မယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမဲ့ “For the Freedom Of Nations Forum” ကို တက်ရောက်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မနေ့က ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ဒီ Forum ကို ရုရှားအာဏာရပါတီ United Russia Party က ကမကထပြုလုပ် ဆောင်ရွက်တာဖြစ်ပြီး အိမ်ရှင် ရုရှား၊ မြောက်ကိုရီးယား၊ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ ဘီလာရု၊ ဘရာဇီး၊ တရုတ်၊ ကျူးဘား၊ အင်ဒိုနီးရှား၊ လာအို၊ လက်ဘနွန်၊ မိုဇမ်ဗစ်၊ နီကာရာဂွါ၊ တောင်အာဖရိက၊ ဆီးရီးယား၊ တာဂျကစ္စတန်၊ ဗင်နီဇွဲလား၊ ဇင်ဘာဘွေ စတဲ့နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံရေးပါတီအကြီးအကဲတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒီဖိုရမ်ကို တက်ရောက်ဖို့အတွက် United Russia Party ဖိတ်ကြားချက်အရ မြောက်ကိုရီးယားအာဏာ ရပါတီဖြစ်တဲ့ အလုပ်သမားပါတီက ကင်စုဂီဦးဆောင်တဲ့ ဗဟိုကော်မတီဝင်တွေဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ မြို့တော်ပြုံယမ်းကနေ ထွက်ခွာသွားကြပြီး ဒီဖိုရမ်ဟာ ခေတ်သစ်ကိုလိုနီနယ်ချဲ့ဝါဒကို တိုက်ဖျက်ဖို့အတွက် ဘက်ပေါင်းစုံက ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာလို့လည်း Yonhap News Agency က နှစ်နိုင်ငံထုတ်ပြန်ချက်တွေ ကိုးကားရေးသားထားပါတယ်။

Ref, Yonhap News Agency & USDP

Leave a Reply

Your email address will not be published. Required fields are marked *