October 20, 2024

၁၄. ၂. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံ ဂျန်ရှီပြည်နယ်၊ ဂန်ဇူမြို့က ကော်ဖီဆိုင်တစ်ဆိုင်ဟာ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်တို့နဲ့ ရိုးရာလတ်တေးကော်ဖီအေးကို ပေါင်းစပ်ထားတဲ့ ထူးခြားဆန်းသစ်တဲ့ သောက်စရာတစ်မျိုးနဲ့ အောင်မြင်မှုကို တွေ့ရှိခဲ့ပါတယ်။

ဂျန်ရှီပြည်နယ်ရဲ့ ကျော်ကြားတဲ့ မီးတောက်ဟင်းလျာကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျင်းရှီ ဆိုတဲ့ ကော်ဖီဆိုင်ဟာ “Hot Ice Latte” ဆိုတဲ့ မီနူးကို စတင်ရောင်းချခဲ့ပြီး အဲ့ဒီ ကော်ဖီဟာ အခုအခါ သိသိသာသာအောင်မြင်လာခဲ့ကာ တစ်နေ့ကို အခွက် ၃၀၀ လောက် ရောင်းချနေရတယ်လို့ သိရသလို TikTok တရုတ်ဗားရှင်း Douyin မှာလည်း ငရုတ်သီး လက်တေးကော်ဖီအေး ဖျော်ပုံတွေဟာ ခေတ်စားလာနေပြီး လူပြောများနေခဲ့တာပါ။

“အရမ်းစပ်တယ်လို့ မထင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ အရသာကောင်းပါတယ်” လို့ ဂျင်းရှီ ကော်ဖီဆိုင်က ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပြီး “ဒီကော်ဖီက လူတွေထင်သလောက် မထူးဆန်းပါဘူး” လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျန်ရှီပြည်နယ်က လူတွေဟာ တရုတ်နိုင်ငံတဝှမ်းလုံးက အဆန်းဆုံးဆိုတဲ့အစားအစာတွေကို စားသုံးလေ့ရှိကြပေမဲ့ ခုလို ပုံမှန်မဟုတ်တဲ့ ငရုတ်သီးကော်ဖီအေးကိုတော့ မမြည်းစမ်းရဲတဲ့ ဒေသခံတွေလည်း ရှိနေဆဲပါ။

“ဒါဟာ တီထွင်ဖန်တီးနိုင်ပေမဲ့ ဗိုက်နာမှာကို စိုးရိမ်တာကြောင့် မစမ်းကြည့်ရဲဘူး” လို့ ဒေသခံလူတစ်ဦးက ပြောပါတယ်။

နာမည်ကြီးနေတဲ့ ငရုတ်သီးခြောက်တို့ ငရုတ်သီးမှုန့်တို့ထည့်ထားတဲ့ အဆိုပါ လက်တေးကော်ဖီအေးတစ်ခွက်ကို ယွမ် ၂၀ (မြန်မာငွေနဲ့ဆို ကျပ် ၁ သောင်းနီးပါး) ကျသင့်ပြီး စားသုံးသူတွေကတော့ ဂျင်းရှီ ဆိုင်ရဲ့ ကော်ဖီမီနူးမှာ အမြဲတမ်းရှိဖို့ မျှော်လင့်နေကြပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *