October 20, 2024

၁၄. ၂. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ Kapar မြို့အနီးမှာ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အပန်းဖြေလေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနဲ့ လေယာဉ်ပေါ်ပါသူ လူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူနှစ်ဦးမှာ အသက် ၃၀ နဲ့ ၄၂ နှစ်အရွယ် မလေးရှားနိုင်ငံသားတွေဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း ဆီလန်ဂေါရဲချုပ် Hussein Omar Khan က အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“လေယာဉ်မှူးက အပန်းဖြေ ပျံသန်းရေး ကလပ်တစ်ခုက နည်းပြတစ်ဦးပါ။ ခရီးသည်က ကလပ်အသင်းဝင်တစ်ဦးပါ” လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ အဆိုပါ အပန်းဖြေလေယာဉ်ငယ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဆီအုန်းစိုက်ခင်းရဲ့မြေအနက် ၂ မီတာခန့်အထိ နစ်မြုပ်နေခဲ့တာကြောင့် လေယာဉ်အပျက်အစီးတွေကို ပြန်လည်ထုတ်ယူဖို့ အာဏာပိုင်တွေက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး သေဆုံးသူတွေရဲ့ အလောင်းတွေကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *