October 20, 2024

MT News
၁၄. ၂. ၂၀၂၄

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP) က ပါတီဝင်တချို့ ခွဲထွက်ပြီး လက်ရှိ SAC အစိုးရကိုတိုက်ခိုက်မယ်လို့ ကြေညာလာပါတယ်။

ခွဲထွက်တိုက်ခိုက်မဲ့အဖွဲ့က မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) လို့ အမည်ခံထားပြီး ဒီအဖွဲ့မှာ အ‌ထွေထွေအတွင်းရေးမှုး နိုင်ဇေယျ၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် စလွန်းထော၊ ပါတီခေါင်းဆောင်အချို့၊ တပ်မှုးတပ်သားတွေနဲ့ ပါတီဝင်တွေက မိခင်ပါတီနဲ့တပ်ရင်းတွေက ခွဲထွက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်‌ဆောက်‌ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးတို့အတွက် ရပ်တည်ချက်တူညီတဲ့ တိုင်းရင်းသား တော်လှန်‌ရေးတပ်တွေ၊ အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်‌ရေး အင်အားစုတွေနဲ့ အတူတကွလက်တွဲပြီး တိုက်ခိုက်မယ်လို့လည်း သူတို့ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ မွန်ပြည်သစ်ပါတီဝင်တချို့ ခွဲထွက်တိုက်ခိုက်မယ်ဆိုပေမဲ့ မနေ့ကပြုတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကိုတော့ မွန်ပြည်သစ်ပါတီ(NMSP)က ဗဟိုကော်မတီဝင် နိုင်ဗညားမွန် ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *