October 19, 2024

၁၄. ၂. ၂၀၂၄
Written By Thandar

ရုပ်ရှင်ဇာတ်ကားတွေမှာရော ဇာတ်လမ်းတွဲတွေမှာပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလရဲ့ ရဟန်းခံအလှူကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က သစ်တံခါးဆရာတော်ဘုရားအားအမှူးထားပြီး သစ်တံခါးဆရာတော်ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ သား ဘုန်းမင်းနေလရဲ့ ရဟန်းခံအလှူကို လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာပါ။ ရဟန်းခံအလှူလေး အထမြောက် အောင်မြင်ခဲ့ပါပြီ ရှင့် “လို့ အကယ်ဒမီ ခင်ဇာခြည်ကျော်က ပရိသတ်သိအောင်ပြောပါတယ်။

သရုပ်ဆောင် ဘုန်းမင်းနေလ(ခ) ဦးဇင်းလေး ဦးပညာသိဒ္ဓိကတော့ (၇) ရက်တိတိ ရဟန်းဝတ် ကုသိုလ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။သားအမိနှစ်ယောက်စလုံးကတော့ အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားတွေရော ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေလျှက်ရှိသူတွေလည်းဖြစ်လို့ ပရိသတ်ချစ်ခင်မှုရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *