October 20, 2024

၁၄. ၂. ၂၀၂၄
Written by Min Mahar

ကျောက်ဆည်မြို့တွင်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှပြန်လာသော ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တို့ ၂ ဦးကို PDF ၄ ဦးက နောက်ကနေချောင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ၁ ဦးသေဆုံးသွားမှု ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် နေထိုင်ကြသော ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးနှင့် အသက် ၅၃ နှစ်အရွယ်ခန့်ရှိသောအမျိုးသား(ပြည်ခိုင်ဖြိုးပါတီ၊ ရပ်ကျေးကော်မတီဝင်)တို့ ၂ ဦးသည် ကျောက်ဆည်မြို့တွင် ပြု လုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲမှ ဆိုင်ကယ်ဖြင့် ၎င်းတို့​နေထိုင်ရာ အုတ်ဖိုကျေးရွာသို့ ပြန်လာစဥ် PDF အဖွဲ့မှ အမည်မသိ လူငယ်​ ၄ ဦးကလည်း ဆိုင်ကယ် ၂ စီး​ဖြင့် အနောက်ကနေလိုက်လာပြီး သေနတ်အတို ၂ လက်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းကဲ့သို့ အနောက်ကနေ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်သည် နောက်​စေ့​ကို ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်တင်ပါးကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ယာဘက်တံ​ကောက်​ကွေးကိုလည်း ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ပြီး  အုပ်ချုပ်ရေးမှူးမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက်ပစ်ခတ်သွားသူ အမည်မသိအမျိုးသား ၄ ဦးအား အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လိုက်လံစုံစမ်းနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *