October 20, 2024

၁၃. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံကို အရပ်သားအစိုးရအုပ်ချုပ်သော ဒီမိုကရက်တစ် အုပ်ချုပ်ရေး လမ်းကြောင်းအပေါ်ကို ပြန်လည်လျှောက်လှမ်းရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန်နှင့် ထိုင်းအစိုးရက တိုက်တွန်းတောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်နိုင်ငံသို့ သွား ရောက်သော ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာအရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

ထိုင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ တိုးချဲ့ကူညီပေးနိုင်ရန် အမြန်ဆုံးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများ အဆုံးသတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်ဦးဆောင်ကြိုးပမ်းနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *