October 19, 2024

၁၃.၂.၂၀၂၄
Written By Thandar

ရွှေရည်ဝန်း စိန်ရွှေရတနာဆိုင်ရဲ့ Valentine’s Special Promotion Show ကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက Times City Jewellery Mall မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာက ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို အဆိုတော် ရွှေထိုက်၊ အဆို တော် နိုရာ၊ Miss Grand Myanmar 1st Runner Up အလှမယ် မြင့်မြတ်မိုး၊ အလှမယ် ကျော်ကျော်အိန္ဒြာ၊ အလှမယ် ယုဝတီအောင်၊အလှမယ် အာခီဆိုင်းပန်စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

“ဒီနေ့ Timecity မှာ ပြုလုပ်တဲ့ Valentine’s Special Promotion Show မှာတော့ မော်ဒယ်၊ အလှမယ်လေးတွေက ကျွန်မတို့ ရွှေရည်ဝန်း စိန်ရွှေရတနာဆိုင်ရဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ပြသပေးခဲ့တဲ့ Fashion Show အစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီ ၅ရက်တာ ကာလအတွင်း မတူညီတဲ့ ထူးခြားမှု အနေနဲ့ ဝယ်ယူအားပေးတဲ့သူတွေအတွက် ချက်ချင်းဝယ် ချက်ချင်းရ ဗလာမပါ ကံစမ်းမဲ အစီအစဉ်လေးတွေလည်း ပြုလုပ်ထားပါတယ်”လို့ ရွှေရည်ဝန်း စိန်ရွှေရတနာဆိုင်ရဲ့ Founder ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

ရွှေရည်ဝန်း စိန်ရွှေရတနာဆိုင်ရဲ့ Valentine’s Special Promotion အစီအစဉ်အနေနဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဖေဖော်ဝါရီ ၁၄ ရက်ထိ ၅ရက်တာကာလအတွင်း လျှော့ ဈေး အစီအစဉ်တွေနဲ့အတူ ကံစမ်းမဲ အစီအစဉ်များပြုလုပ်ခဲ့ပါတယ်။

“ပွဲတော်ရက်တွေမှာ အထူးအစီအစဉ်အနေနဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ၂၀၂၁ ခုနှစ်က ရန်ကုန်ဆိုင်အမှတ်(၂) မှာ ဝယ်ယူခဲ့တဲ့ ဘောက်ချာတစ်စောင်ပြရင် မေတ္တာလက် ဆောင်တစ်မျိုးထုတ်ယူနိုင်မယ့် အစီအစဉ်လေးလည်း လုပ်ထားပါတယ်။ ပျော်ရွှင်စရာ အစီအစဉ်‌တွေလည်း ပါဝင်တာမလို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်” လို့ ရွှေထိုက်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *