October 20, 2024

၁၃. ၂. ၂၀၂၄
Written by Thettant

Shine ဆောက်လုပ်ရေးနဲ့ ESPERADO ဟိုတယ်လုပ်ငန်းရှင်ရဲ့ ဇနီးဟာ ဒီနေ့မနက်မှာ ကွယ်လွန်သွားတယ်လို့ သိရပြီး ကနဦးသတင်းတွေအရ ပိုင်ဆိုင်တဲ့ ESPERADO ဟိုတယ်မှာ သတ်ဖြတ်ခံရတာလို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး“ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်၊ အမှတ် ၂၃ ရှိ ESPERADO ဟိုတယ် သုံးလွှာရှိ အခန်းအမှတ် ၃၀၀၃ မှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၈ နာရီခွဲအချိန်မှာ ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်းရဲ့ ဇနီးဖြစ်သူဒေါ်သန်းသန်းဦး (ခေါ်) မာရီယမ်ဟာ အခန်းအတွင်းမှာ ကျောပြင်ထက် ဓားဒဏ်ရာငါးချက်နဲ့ သေဆုံးနေပြီး မိခင်ဖြစ်သူအခန်းတွင်းက ထွက်မလာတာကြောင့် သားဖြစ်သူ ကိုကောင်းမြတ်ဇော်ကဖုန်းခေါ်ရာမှာ မကိုင်တာကြောင့် မာစတာကီးနဲ့ အခန်းကိုဖွင့်ရာ အခန်းအတွင်းမှာ မိခင်ဖြစ်သူစဟာ ဓားဒဏ်ရာတွေနဲ့ ကြမ်းပြင်မှာ လဲကျသေဆုံးနေတာကို တွေ့ရတာ”လို့လည်း News of Myanmr အပါအဝင် တယ်လီဂရန် သတင်းဌာနတွေမှာလည်း ရေးသား ဖော်ပြထားပါတယ်။

“အခုကတော့ အသေးစိတ် စစ်ဆေးနေတုန်းပဲ”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးအောင်ဇော်ဝင်းဟာ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ရဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်ပြီး ဇနီးဖြစ်သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ (ပဲခူးတိုင်း)ကလည်း ဝမ်းနည်းကြောင်းကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး Shine ဆောက်လုပ်ရေးလုပ်ငန်းရှင် ဟာဂျီ ဦးအောင်ဇော်ဝင်းရဲ့ ဇနီးဖြစ်သူ ဟာဂျီမ မိုင်မွန်နာဘီ(ခ)ဒေါ်သန်းသန်းဦး အသက်(၅၈)နှစ်ဟာ ဒီနေ့မနက်မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားတာကြောင့် နေအိမ်ကကားတွေ ဒီနေ့ နေ့လယ် ၃ နာရီက ထွက်ခွာသွားပြီး ဒီညနေ အဆွဲရ်ဆွလာသ်အပြီးမှာ ရေဝေးကဗရ်စတာန်ဥယျာဥ်တော်ထံ ဒဖွနာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *