October 19, 2024

၁၃. ၂. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုရှင်အဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် Lisa ဟာ ပွဲဦးထွက် သရုပ် ဆောင်မှုအဖြစ် လူသိများတဲ့ အမေရိကန်ရုပ်သံစီးရီး “The White Lotus” ရဲ့ Season 3 မှာ ပါဝင်လာမှာဖြစ်တယ်လို့ Variety က တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

Lisa ဟာ အဲ့ဒီ ဇာတ်လမ်းတွဲမှာ သူမရဲ့ နာမည်ရင်း Lalisa Manobal ကို သုံးပြီး သရုပ်ဆောင်အဖြစ် ပွဲဦး ထွက်သွားမှာဖြစ်ပြီး စီးရီးမှာ ပါဝင်သွားမဲ့ သူမရဲ့အခန်းကဏ္ဍကိုတော့ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။

ဒီဇာတ်လမ်းတွဲကို အခုလထဲမှာ ထိုင်းနိုင်ငံ ကို့ခ်ဆာမွိုင်၊ ဖူးခက်နဲ့ ဘန်ကောက်မြို့တို့မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး Lisa နဲ့အတူ တခြားသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Scott Glenn နဲ့ Julian Kostov တို့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

Lisa ဟာ HBO စီးရီးတစ်ခုမှာ ပါဝင်သရုပ်ဆောင်တဲ့ ဒုတိယမြောက် Blackpink အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး အဖွဲ့ဝင် Jennie ကလည်း ပြီးခဲ့တဲ့နှစ်က Lily-Rose Depp၊ The Weeknd တို့နဲ့အတူ HBO ဒရာမာ “The Idol” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

နာမည်ကြီး မိန်းကလေးအဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ Lisa ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သူမရဲ့ ကိုယ်ပိုင်ဂီတနဲ့ ဖျော်ဖြေရေးကုမ္ပဏီ Lloud ကို တည်ထောင်ခဲ့ပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *