October 21, 2024

၁၂. ၂. ၂၀၂၄
Written by Hey Mar

Ford ကားတစ်စီး ကုန်းအဆင်းမှာ အရှိန်လွန်ကာ ဓာတ်တိုင်နဲ့ အုတ်တံတိုင်းကို ဝင်တိုက်ခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ရှင်သန်ရေး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့မနက် ၁ နာရီ ၂၅ မိနစ်ခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာကုန်းအဆင်းမှာ Ford ကားတစ်စီးအရှိန်လွန်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိပြီး တစ်ဆက်တည်း ရတနာဗိမ္မာန်ကျောင်းတိုက်ရဲ့ အုတ်တံတိုင်းကို ဝင်တိုက်ခဲ့တာ​လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်မှာ ရှင်သန်ရေးကူညီမှုအသင်းက ရှာ/ကယ်ယာဥ်+လူနာတင်ယာဥ်တွေနဲ့ သွားရောက်ကူညီပေးခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် ဓာတ်တိုင်နှစ်တိုင် ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်း

Leave a Reply

Your email address will not be published. Required fields are marked *