October 20, 2024

အင်ဒိုနီးရှားနိုင်ငံ၌ ရွေးကောက်ပွဲအကြိုကာလတွင် သမ္မတက ကြားနေရပ်တည်မှုမရှိ၍ ကျောင်းသူ ကျောင်းသားများက ဆန္ဒပြ

၁၂. ၂. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံမှာ ရာပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကျင်းပသွားမယ့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပရာဗိုဝို ဆူဘီယန်တိုကို မဲပေးကြဖို့ မဲဆန္ဒရှင်တွေရဲ့ သဘောထားထောက်ခံမှုကို ရယူရာမှာ သမ္မတ ဂျိုကို ဝီဒိုဒိုက အာဏာကိုအလွဲသုံးစားပြုဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲပြောကြားရင်း ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲအပြီးမှာ အင်ဒိုနီးရှားနိုင်ငံကို သမ္မတအဖြစ်ဆက်လက်ဦးဆောင်ဖို့ ရွေးကောက်ပွဲမှာယှဉ်ပြိုင်ကြမယ့် သမ္မတလောင်းသုံးဦးရှိပါတယ်။ ဒီထဲမှာ သမ္မတ ဂျိုကိုဝီက သူ့ရဲ့ အကြီးဆုံးသားလည်းဖြစ်တဲ့ ပရာဗိုဝိုသာ အတည်ပြုအမွှမ်းတင်နေရာကနေ ဒီလို ဆန္ဒပြမှုတွေဖြစ်လာရတာပါ။ မဲဆန္ဒရှင်အများစုကလည်း သမ္မတဂျိုကိုဝီအနေနဲ့ ကြားမနေဘဲ ခုလို သမ္မတလောင်းတစ်ဦးဘက် လိုက်ပါပြောဆိုနေတာက အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီကို ပျက်ပြားစေကာ မျှတမှုမရှိတဲ့ အကျိုးရလဒ်တွေသာ ဖြစ်စေမယ်လို့ ပြောခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်ချက်နှစ်ခုက ဖေဖော်ဝါရီလ ၁၄ ရက် မဲပေးပွဲမှာ ပရာဗိုဝို က ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်ရနိုင်ပြီး ကျန်ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ အနီးစ် ဘတ်စ်ဝီးဒန် နဲ့ ဂန်ဂျာ ပရာနိုဝို တို့က ထောက်ခံမဲ ၂၀ ရာခိုင်နှုန်းကျော်လောက်စီနဲ့သာ ကျေနပ်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတရုံးကတော့ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတ ဂျိုကိုဝီအနေနဲ့ ကြားနေရပ်တည်ရေးကို ငြင်းပယ်ခဲ့ပါတယ်။အဲဒီမှာ ရဲတပ်ဖွဲ့၊ ဒေသအကြီးအကဲနဲ့ အစိုးရရဲ့ လူမှုဖူလုံ ရေး အရင်းအမြစ်တွေကိုအသုံးချကာ ပရာဗိုဝို မဲအနိုင်ရဖို့ကြိုးစားနေတယ်လို့ အင်ဒိုနီးရှားသတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဒန်ဒီ လာ့က်ဆိုနိုရဲ့ လက်ရာဖြစ်တဲ့ Dirty Vote ဆိုတဲ့ ဗီဒီယိုကားကို You Tube မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က လွှင့်တင်ခဲ့အပြီးမှာတော့ ဖေဖော်ဝါရီလ ၁၂ ရက်အထိ ကြည့်ရှုသူ လေးသန်းနီးပါးရှိလာပါတယ်။

ပရာဗိုဝိုရဲ့ မဲဆွယ်အဖွဲ့ကတော့ ဗီဒီယိုက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရကလည်း မှန်ကန်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။ သမ္မတ ဂျိုကိုဝီရဲ့ ရွေးကောက်ပွဲမှာ အာဏာအလွဲသုံးစားပြုပြီး ရွေးကောက်ပွဲဝင်တစ်ဦးကိုသာ ဘက်လိုက်ခဲ့တယ်လို့ ကျောင်းသူကျောင်းသားတွေရဲ့ဆန္ဒပြမှုတွေကိုလည်း ဖေဖော်ဝါရီလ ၇ ရက်ထဲက စတင်ပြုလုပ်ခဲ့ကြတာပါ။

ဒီဆန္ဒပြမှုတွေနဲ့ သမ္မတ ဂျိုကိုဝီရဲ့ ဘက်လိုက်မှုအပေါ် အတိုက်အခံပြုမှုတွေက ရွေးကောက်ပွဲမှာ ပရာဗိုဝို အနိုင်ရဖို့ သေချာသလောက်ဖြစ်နေတဲ့ ရလဒ်ကို ပြောင်းလဲစေနိုင်မလားဆက်လက်စောင့်ကြည့်ရမှာပါ။

Ref- The Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *