October 19, 2024

၁၂. ၂. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၄) ရပ်ကွက်၊ ရွှေစင် (၄)လမ်းတွင် ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခန့်က စက္ကူပုံးကိုဓာတ်ဆီလောင်းပြီး မီးရှို့ရာမှ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ်၂၀ ကျော်ကြာ လောင်ကျွမ်းခဲ့ပြီး အလျား ပေ၂၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုး အုတ်ညှပ် ပျဥ်ကာပျဥ်ခင်း နေအိမ် ၂ လုံး၊ အလျား ပေ၂၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုး ကျောက်ပြားကာ ကျောက်ပြားခင်း ၂ ထပ်နေအိမ် ၁ လုံးတို့ မီးလောင်ကျွမ်းခဲ့ပြီး အတွင်းပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းက ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *