October 19, 2024

၁၂. ၂. ၂၀၂၄
Written by Pan Ei

၂၀၂၄ ခုနှစ်အတွက် အမေရိကန်ဘောလုံး (NFL) လိဂ်ပြိုင်ပွဲ Super Bowl ရဲ့ ချန်ပီယံဆုကို Kansas City Chiefs အသင်းက အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာကျော်ပေါ့ပ်စတား တေလာဆွစ်က အနိုင်ရရှိခဲ့တဲ့ ချစ်သူ NFL ကစားသမား Travis Kelce နဲ့အတူ ကွင်းအလယ်မှာ အောင်ပွဲခံခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက် ညမှာ ပြုလုပ်ခဲ့တဲ့ Super Bowl ရဲ့ ဖိုင်နယ်ပွဲစဉ်ကို အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာကြည့်ရှုခဲ့ကြပြီး Kansas City Chiefs အသင်းက Super Bowl မှာ ဒုတိယအကြိမ်မြောက် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ပွဲပြီးနောက်မှာ ကွင်းအတွင်း ဘောလုံးပရိသတ်တွေ၊ ကင်မရာတွေနဲ့ ရောင်စုံစက္ကူတွေအကြား Kelce နဲ့ ဆွစ် တို့ရဲ့ ပွေ့ဖက် အောင်ပွဲခံပုံဟာလည်း ရုပ်ရှင်ဆန်ဆန်ပြကွက်လို ဖြစ်နေခဲ့ကာ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို မီးမောင်းထိုးပြသလိုဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်အတွက် ဂရမ်မီဆုကို စတုတ္ထအကြိမ်မြောက်အဖြစ် စံချိန်တင်ရရှိခဲ့တဲ့ တေလာဆွစ်ဟာ ပြီးခဲ့တဲ့နှစ်က Kelce နဲ့ စတင်တွေ့ဆုံကတည်းက Chiefs အသင်းရဲ့ ပွဲစဉ် ၁၂ ပွဲကို တက်ရောက်အားပေးခဲ့ပြီး NFL အဆင့်သတ်မှတ်ချက်တွေကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စနေနေ့အထိ လေးရက်တိုင်တိုင်ဖျော်ဖြေခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ အမေရိကန်ပြည်ထောင်စု၊ လက်စ်ဗီးဂတ်စ်မြို့မှာပြုလုပ်တဲ့ ရည်းစားဖြစ်သူရဲ့ပွဲချိန်အမှီကို ကိုယ်ပိုင်လေယာဉ်နဲ့ အရောက်လာခဲ့တဲ့ တေလာဆွစ်ရဲ့ ချစ်တတ်ပုံကလည်း ပရိသတ်တွေအကြား နာမည်ကြီးနေခဲ့ပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *