October 19, 2024

၁၂. ၂. ၂၀၂၄
Written By Thandar

ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့်ကတော့ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်မဲ့ ချစ်သူများနေ့ Valentine Day အတွက် I Love You (အဲဆာန်ဗှ်ေ) ပြန်ဆိုတေး မွန်သီချင်း လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အတွက် ဒီသီချင်းလေးကတော့ မွန်ဘာသာစကားနဲ့ ဆိုထားတဲ့ သီချင်းဟောင်းလေးပါ။ ဒီသီချင်းလေးကို ပြန်ဆိုတေးအနေနဲ့ Valentine Day အတွက် မွန်သီချင်း လက်ဆောင်ပေးဖြစ်တာပါ။ I Love You (အဲဆာန်ဗှ်ေ) ဒီသီချင်းလေးကတော့ ပြန်ဆိုတေးအနေနဲ့ ဆိုဖြစ်တာပါ။ ဒီသီချင်းလေးက ချစ်စရာလည်းကောင်းတယ်။ မြူးမြူးလေးဖြစ်လို့ ပရိသတ်တွေ သဘောကျပြီး ကြိုက်နှစ်သက်လို့လည်း ပီတိဖြစ်ရပါတယ်”လို့ သရုပ်ဆောင် တေးသံရှင် ဗညားဘုန်းပြည့်က ပြောပါတယ်။

သူရဲ့ အဆိုပါ တေးသီချင်းကို Original by အာဲမန် ၊ Version ရာမာဉ် ရေးသားထားပြီး ဒါရိုက်တာ Kina က Dancer အနေနဲ့ ပြည့်ဖြိုးယံနဲ့ ရေသူမတို့ ပါဝင်ရိုက်ကူးထားပြီး ဗညားဘုန်းပြည့်တို့က သရုပ်ဆောင်ထားကြပါတယ်။ I Love You (အဲဆာန်ဗှ်ေ) တေးသီချင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၆ နာရီက ဗညားဘုန်းပြည့်ရဲ့ Page ကနေတင်ပေးထားတာဖြစ်ပြီး ပရိသတ်တွေက များစွာအားပေးထားကြတာဖြစ်ပါတယ်။

ဗညားဘုန်းပြည့် ကတော့ မကြာခင်က ကျရောက်ခဲ့တဲ့ မွန်အမျိုးသားနေ့အတွက် မွန်တေးသီချင်း ထွက်ရှိထားသလို သူ့ရဲ့မွေးနေ့တုန်းကလည်း “လွမ်းရဦးမယ့်ဆောင်း” တေးသီချင်းသစ်တစ်ပုဒ်ကို ထွက်ရှိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *