October 20, 2024

၁၁. ၂.၂၀၂၄
Written by Hey Mar

ဟင်းချက်ရင်း ဂတ်စ်အိုးပေါက်ကွဲရာက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ မာလာနွယ်လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ Insein Volunteer Team တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်စဥ်ကို အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ မီးဖိုဆောင်အခန်းတစ်ခုသာ ထိခိုက်ပျက်စီးပေမယ့် မီးသတ်ရဲဘော်တစ်ဦး နောက်ကျော မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူကို Insein Volunteer Team နဲ့ ကြက်ခြေနီတပ်ဖွဲ့က မြေပြင်ကူညီပြုစုပေးပြီး အင်းစိန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ယာဉ် (၁) စီး မီးလောင်မှုဖြစ်ပွား​ခဲ့ပြီး အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနဲ့အတူ Insein Volunteer Team အဖွဲ့ဝင် အသင်းတွေက ဝိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *