October 20, 2024

၁၁. ၂ .၂၀၁၄
Written by Hey Mar

ဘိလပ်မြေဖျော်စက်ယာဥ်က ဘီးပေါက်ပြီး ၁၂ ဘီးယာဥ်ကို ဝင်တိုက်တာကြောင့် ၁၂ ဘီးယာဥ် မီးလောင်ကျွမ်း ပျက်စီးခဲ့တဲ့ ဖြစ်စဥ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန် မန္တလေးကားလမ်းဟောင်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၇နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတ အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က အင်းတကော်မြို့၊ ရန်ကုန် -မန္တလေးကားလမ်းဟောင်း ထက်ဧကရီ ဆီဆိုင်ရှေ့အနီးမှာ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိတာကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းက မီးသတ်စခန်းတွေကနေ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၄၅ မိနစ်ခန့် အချိန်ယူ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

လှည်းကူးအခြေစိုက် မေတ္တာရွှေစင် ပရဟိတအသင်းတာဝန်ရှိသူက”ဘိလပ်မြေဖျော်စက်ကားက ၁၂ ဘီးကားကို ဝင်တိုက်တာ။ လူထိခိုက်မှု မရှိပေမယ့် ၁၂ ဘီးကားက ကြက်စာ တင်လာတာလား၊ လွှစာမှုန့် တင်လာတာလား မသိဘူး။ လောင်အားပြင်းတယ်။ တစ်စီးလုံး ကုန်တာ”လို့ MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *