၁၁.၂.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး- လားရှိုးလမ်း၊ ရကက(၁၁)၊ ဘုရားကြီးအနီး၊ ရေငယ်လမ်းဆုံတွင် ဖေဖော်ဝါရီ ၁၀ ရက် ည ၉ နာရီကျော်က ဆိုင်ကယ် ၂ စီးကို ကားတစ်စီးက ဝင်တိုက်ရာမှ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
“ဖြစ်တာက ည ၉ နာရီကျော်မှာဖြစ်တာ။ ဆိုင်ကယ်စီးလာတဲ့သူတွေထဲမှာ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရခဲ့တယ်”ဟု သန္တိသုခ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားမှာ ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသားနှစ်ဦးမှာ ခြေထောက်ကျိုးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို သန္တိသုခ လူမှုကူညီရေးအသင်းဝင်များက ရှေးဦးသူနာပြုစုကာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။