October 19, 2024

၁၁.၂.၂၀၂၄
Written By Thandar

ထပ်ဆင့်သရုပ်ဆောင် မေသန်းနုနဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်တို့ရဲ့ သားဖြစ်သူ ဒါရိုက်တာ မင်းသန့်မောင်မောင်က သူရရှိတဲ့ အနုပညာကြေးထဲက တစ်ဝက်စီခွဲပြီး မိဘနှစ်ပါးကို ကန်တော့တာဖြစ်ပါတယ်။

“ဒီနှစ်ထဲမှာ သူ စရတဲ့ အနုပညာကြေး သိန်း ၅၀ ကို သူ့​အတွက် ၁၀ သိန်းပဲ ချန်ပြီး အမေနဲ့အဖေဆီကို တစ်ယော က် သိန်း ၂၀ စီ ခွဲကန်တော့ဖြစ်တယ်။ သူက ပိုက်ဆံသိပ်သုံးတတ်တဲ့သူထဲမပါဘူး။ ပိုက်ဆံလည်း သိပ်မတောင်းတတ်ဘူး။ အခုတောင် သူရတဲ့ အနုပညာကြေးငွေကို အဖေ တစ်ဝက်၊ အမေ တစ်ဝက် ပေးမယ်ဆိုပြီး သူ့ဘာသာ သူ ခွဲထားတယ်”လို့ မိခင်ဖြစ်သူ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မေသန်းနုက ပြောပါတယ်။

မိဘတွေအနေနဲ့ ခုလိုသားသမီးရဲ့သိတတ်မှုနဲ့ အနုပညာကြေးနဲ့ ကန်တော့လာတဲ့ အပေါ် ကျေနပ်ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

သူမကတော့ မင်းသန်မောင်မောင်နဲ့တွဲဖက်ပြီးတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေလျှက်ရှိပြီး မကြာခင်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတစ်ခုမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“မဆင့်တောင် လိုင်းပေါ်မှာ တင်ထားသေးတယ်။ ပိုက်ဆံနည်းသည်၊ များသည်က အဓိက မကျပါဘူး။ မိဘအပေါ် သိတတ်တာကို မဆင့်က ကျေနပ်တယ်။ အဲ့ဒီပိုက်ဆံလေးတွေလည်း မသုံးပါဘူး”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *