၁၀. ၂. ၂၀၂၄
Written by Nay Moe
တော်ဝင်ဒေါင်းစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၇ ရက် နံနက်အစောပိုင်းကစ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က တပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တယ်လို့ Royal Peacock Column P-29913 က ပြောပါတယ်။
KNLA၊ BPLA တော်ဝင်ဒေါင်းစစ်ကြောင်းစတဲ့ PDF ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူတွေသေဆုံးခဲ့သလို ထိခိုက်သူလည်းများပြားပြီး နေအိမ်အပျက်အစီးများပြားခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်တပ်တွေကြား ထိခိုက်သေကြေမှုရှိသလို တော်၀င်ဒေါင်းစစ်ကြောင်းဘက်ကလည်း ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊ ရဲဘော်ဘီးကြဲနဲ့ ရဲဘော် စာကလေးတို့ PDF လေးယောက်ဟာ တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇရပ်ကြီးတိုက်ပွဲဟာ ခလရ ၇၃ အပါအဝင် နယ်မြေခံတပ်တွေကို KNLA နဲ့ PDF တွေက တိုက်တာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေသလို တိုက်ပွဲကြား ပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးထားသလို နှစ်ဖက်အကျအဆုံးလည်း များပြားနေတဲ့အပြင် ပြည်သူ ၁၀၀၀၀ ကျော်ကလည်း တောင်ငူကို စစ်ရှောင်နေရတာပါ။ လက်ရှိမှာလည်း တိုက်ပွဲတွေကြားမှာ စွန့်ပစ်ခဲ့ရတဲ့ နေအိမ်ဆိုင်ခန်းတွေ ဖောက်ထွင်းခံရမှုတွေရှိနေတယ်လို့ သိရပါတယ်။