၁၀. ၂. ၂၀၂၄
Written by Nay Aung
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သည် ၎င်းတို့ ပိုင်နက်အတွင်းသို့ လက်နက်များဖြင့် တရားမဝင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံဘက်ခြမ်းမှ လူ၂၃ ဦးကို ဖမ်းဆီးကာ Ukhiya မြို့ရဲစခန်းသို့ လွှဲပြေင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါရဲစခန်းသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် ဝင်ရောက်လာသူ ၂၃ ဦးကို စစ်ဆေးကာ စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ကောဘဇားဒေသ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲချုပ် Mahafuzul Islam က မြန်မာနိုင်ငံဘက်ခြမ်းမှလူများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်နက်များနှင့်အတူ တရားမဝင် ဝင်ရောက်လာခြင်းကို အတည်ပြုထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သည် အဆိုပါ လူ ၂၃ ဦးထံမှ လက်နက် ၁၅ လက်ကို သိမ်းဆည်းခဲ့ပြီး ရဲတပ်ဖွဲထံ လွှဲပြောင်းပေးခဲ့ကြောင်း Mahafuzul Islam က ပြောသည်။ရဲတပ်ဖွဲ့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၂၃ ဦးကို စစ်ဆေးကာ ဥပဒေအတိုင်း အရေးယူနိုင်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“လတ်တလော စုံစမ်းစစ်ဆေးချက်တွေအရဆိုရင်တော့ ရဲတပ်ဖွဲ့ထံ လက်နက်တွေနဲ့အတူ လွှဲပြောင်းပေးခဲ့သူ ၂၃ ဦးဟာ နေရပ်စွန့်ခွာနေထိုင်နေသူတွေဖြစ်ပါတယ်” ဟု Mahafuzul Islam က ပြောသည်။
အဆိုပါ ဘင်္ဂါလီများသည် ပြီးခဲ့သော ဖေဖော်ဝါရီ ၆ ရက်နေ့တည်းက နယ်စပ်ဒေသကို ဖြတ်သန်းပြီး လက်နက်များနှင့်အတူတစ်ဦးချင်းစီ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများသည် ၎င်းတို့ပိုင်နက်အတွင်းသို့ လက်နက်များနှင့်အတူ ဝင်ရောက်လာသော ဘင်္ဂါလီများကို ဖမ်းဆီးထိန်းသိမ်းကာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲတွင်ပါဝင်သော အချို့သူများသည် ဘင်္ဂါလီစခန်းကို ဝင်ရောက်နေထိုင်နေသော နာဘီဟူစိန် ဦးဆောင်သည့် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
Ref risingbd