October 19, 2024

၁၀.၂.၂၀၂၄
Written By Thandar

MRTV-4 ရုပ်သံလိုင်းက တစ်ဆင့် ပရိသတ်အားပေးမှုများစွာ ရရှိလာတဲ့ ‌သရုပ်ဆောင် စောမင်းယျာကတော့ တက္ကသိုလ်ကျောင်းသားဘဝ ၉ နှစ်တာမှာ ကောင်မ လေး‌တွေရဲ့ အသည်း‌ကျော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်က ဘူမိဗေဒနဲ့မဟာဘွဲ့ယူခဲ့ပြီ အနုပညာကို ဝါသနာပါလွန်းလို့ အိမ်ကို ရန်ကုန်မှာ ကျောင်းတက်မယ်ဆိုပြီး ထွက်လာခဲ့တာပါ။ တက္ကသိုလ်ဘဝကို ၉ နှစ်တက်ခဲ့ရတော့ ကျောင်းသားဘဝကိုအရမ်းပျော်တယ်။ ခု တက္ကသိုလ်ပြန်ရိုက်တော့လည်း ကိုယ့်ငယ်ကျောင်းသားဘဝကို အမှတ်ရခဲ့ရတယ်။ တက္ကသိုလ်ကျောင်းသားဘဝ ၉ နှစ်တာမှာ ကောင်မလေး‌တွေရဲ့ အသည်း‌ကျော်ဖြစ်ခဲ့တယ်။ အရမ်းလည်း အားကစားလုပ်ရင် အုပ်စုလိုက်ကြီး လိုက်ပြီး အော်ဟစ် အားပေးကြတယ်လေ” လို့ စောမင်းယျာက ပြောပါတယ်။

သူဟာ ကလေးမြို့တက္ကသိုလ်မှာ ဘူမိဗေဒကို မဟာတန်းအထိ ၆ နှစ်တက်ခဲ့တဲ့အပြင် အနုပညာလုပ်ချင်လို့ ရန်ကုန်မြို့မှာ ဘူမိရေနံအထူးပြုဘာသာရပ်နဲ့ စိတ္တပညာကို ၃ နှစ်ထပ်တက်ခဲ့ကာ ဘွဲ့ယူခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိ ထုတ်လွှင့်နေတဲ့ ၁၉၈၄ ခုနှစ်က ပုံစံရိုက်ကူးထားတဲ့ “တစ်ခါတုန်းကတက္ကသိုလ်မှာ”ဇာတ်လမ်းတွဲမှာ စည်သူဝင်း ၊ ဝင့်ယမုံနိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် စောမင်းယျာက‌ အားကစားနဲ့ပတ်သက်ရင်ဘောလုံးကန်၊ ပိုက်‌ကျော်ခြင်း‌ခတ်၊ ကာယဗလမောင် စတာတွေမှာလည်း ‌ကလေးတက္ကသိုလ် လက်ရွေးစင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *