October 18, 2024

MT News
၉. ၂. ၂၀၂၄

ပြီးခဲ့တဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းမှာ ထွန်းထွန်းမင်းကို သာသာယာယာအနိုင်ယူခဲ့တဲ့ ပရွမ်ဆန်နန်းကို ခမာမြေဆီ သွားရောက်ယှဥ်ပြိုင်တဲ့ ရာမာန်ဟာ ထွန်းထွန်းမင်းတို့ အပြင်းအထန်လေ့ကျင့်ပေးခဲ့ပေမဲ့လည်း ပရွမ်ဆန်နန်းကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

ဇမရှိဘဲ ဇစ်ဖြုတ်တဲ့ ရာမန်က ပရွမ်ဆန်နန်းအတွက်တော့ ကလေးသာသာဖြစ်နေခဲ့သလို ပထမအချီမှာ ပရွမ်ဆန်နန်းကို အသာစီး သူတင်ကိုယ်တင်ထိုးနိုင်ခဲ့ပေမဲ့လည်း ဒုတိယအချီမှာတော့ ခြေကန်ချက်လေးတစ်ချက်နဲ့ ပြန်မထနိုင်တော့တာ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပရွမ်ဆန်နန်းဟာ သူ့ထက် ၁၄ နှစ်လောက်ငယ်တဲ့ တက်လူ ရာမန်ကို အခြေအနေကြည့်ထိုးနေခဲ့ပြီး ပထမအချီမှာ ဖိအထိုးခံနေရပေမဲ့လည်း ရာမန်ရဲ့ ပါဝါမပါတဲ့ထိုးချက်၊ ကန်ချက်တွေကလည်း ပရွမ်ဆန်နန်းအတွက် ဟာသ’လိုဖြစ်နေခဲ့တာကြောင့် သူပြန်တိုက်စစ်ဆင်တဲ့ ဒုတိယအချီမှာ ရာမန်က ခြေကန်ချက်သုံးချက်လောက်နဲ့ ခွေကျပြီး အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တာပါ။

ရှေ့ရက်မှာကလည်း အဲမွီက ခမာဖိုက်တာဖယ်ဆာဖုန်ကို ရှုံးပေမဲ့ အမှတ်နဲ့ရှုံးတာဖြစ်ပြီး အဲမွီရဲ့ထိုးသတ်ပုံကို သဘောကျတာကြောင့် လာမဲ့သုံးလပိုင်းမှာ ခွန်ခမာမြေဆီ ဖလားလုပွဲဝင်ဖို့တောင် ကမ်းလှမ်းခံရလို့ အရှက်မရခဲ့ပေမဲ့ ရာမန်ကတော့ အဲမွီအရှုံးကနေအဖတ်ဆယ်နိုင်ဖို့ မျှော်လင့်ကြီးခံရသူဖြစ်တာကြောင့် သူ့အရှုံးက ပိုအထိနာစေခဲ့တာပါ။

ပရွမ်ဆန်နန်း အနိမ့်သရေဖြစ်ခဲ့တာ မြန်မာလူမျိုး၊ မြန်မာ နိုင်ငံသားမဟုတ်တဲ့ မြန်မာ့လက်ဝှေ့ထိုးဖောက်သူ ဒေ့ဗ်ကိုဖြစ်ပြီး သူနိုင်ခဲ့တာက မြန်မာ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းနဲ့ တက်လူ ရာမန်ဖြစ်နေတာပါ။ ထိုင်းကိုမယှဥ်နိုင်လို့ ခမာလက်ဝှေ့ကို မြန်မာကထိုးဖောက်ရာမှာ သက်ကျားအို ပရွမ်ဆန်နန်းကိုတောင် မြန်မာ့ချန်ပီယံဟောင်းထွန်းထွန်းမင်းကရှုံး၊ သူလေ့ကျင့်သင်ကြားပေးနေတဲ့ တက်လူရာမန်က အသည်းမရှိ၊ ဇွဲမရှိ စိတ်ပျက်ဖွယ်အရှက်ရစရာ ရှုံးနိမ့်ခဲ့တာက နိမ့်ပြီးရင်းနိမ့်နေရတဲ့ မြန်မာ့သိက္ခာအတွက်တော့…။

Leave a Reply

Your email address will not be published. Required fields are marked *