October 18, 2024

MT News
၉. ၂. ၂၀၂၄

လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၁၇ ရက်အထိ ဥဇဘတ်ကစ္စတန်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ အာရှအမျိုးသမီး ယူ-၂၀ AFC U20 Women’s Asian Cup Uzbekistan 2024 ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး အကူဒိုင်လူကြီး ဖြစ်သူ ဒေါ်ဝင့်ဝါထွန်းကို တာဝန်ပေးအပ်ခံရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒေါ်ဝင့်ဝါထွန်းဟာ ၂၀၁၇ ခုနှစ်မှာ အကူဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဖီဖာအဆင့် အကူဒိုင်လူကြီးဖြစ်လာခဲ့ပါတယ်။

ဒေါ်ဝင့်ဝါထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ ၂ ကြိမ်နဲ့ အာရှအဆင့် AFC ပြိုင်ပွဲ ၃ ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အခု ပြိုင်ပွဲဟာ သူမအတွက် ၄ ကြိမ်မြောက် AFC ပြိုင်ပွဲဖြစ်လာမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *