October 18, 2024

၉.၂.၂၀၂၄
Written By Thandar

ပရိသတ်ကြိုက်နှစ်သက်မှုအများအပြားရရှိခဲ့တဲ့ “အစ်မကြီး အမိအရာ” တေးသီချင်းကို ဇာတ်လမ်းတိုအနေနဲ့ ပြန်လည်ဖန်တီးမယ်လို့ အဆိုတော် ထက်အဉ္ဇလီက ပြောပါတယ်။

အဆိုပါ သီချင်းကိုတော့ မကြာမီကာလအတွင်း ပရိသတ်တွေ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

“ဒီသီချင်း Short Flim ဖြစ်မြောက်ဖို့ထက် အများကြီးပြောင်းလဲမှုတွေနဲ့ ပြင်ဆင်ထားပါတယ်။ တစ်နိုင်ငံလုံးက သဘောကျနှစ်သက်ခဲ့ရတဲ့ သီချင်းဖြစ်လို့ တန်ဖိုးထားပြီး သီချင်းအနှစ်သာရကို ပိုပြီးလေးနက်မှုရှိစေဖို့ ထက်တို့ တစ်ဖွဲ့သားလုံး အစွမ်းကုန်ကြိုးစားထားကြပါတယ်။ မကြာခင်အချိန်မှာ ထွက်ရှိလာတော့မှာဖြစ်လို့ ရင်ခုန်စွာစောင့်မျှော်အားပေးကြလိမ့်မယ်လို့လည်း ထက်ယုံကြည်ပါတယ်”လို့ အဆိုတော် ထက်အဉ္ဇလီက ပြောပါတယ်။

သူမရဲ့ ဖြစ်တည်မှုများကို တေးသီချင်းတစ်ပုဒ်အနေနဲ့ သီဆိုထားတဲ့ အစ်မကြီး အမိအရာ တေးသီချင်းကို ၂၀၂၂ ခုနှစ် မေလအတွင်းက ထွက်ရှိခဲ့ပြီး ပရိသတ်ကြိုက်နှစ်သက်မှုများစွာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“သီချင်းလေးကို ချစ်ခင်အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို လေးစားဂုဏ်ပြုပြီး တင်ဆက်ပြသမှာဖြစ်လို့ ထွက်ရှိလာတဲ့အခါ အားပေးပါဦး။ ကိုယ့်ခံစားချက်အစစ်အမှန်ဖြစ်တဲ့ ဒီသီချင်းလေးမှာ ထက်ကိုယ်တိုင်ပါဝင် သရုပ်ဆောင်နိုင်ဖို့အတွက် အချိန်တစ်ခုကို စောင့်ပြီးမှပဲ တန်ဖိုးထားပြီးပုံဖော်ဖြစ်ခဲ့တာပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *