October 30, 2024

ပြည်မြို့နယ်ရှိ စိုက်ပျိုးရေးဧရိယာတစ်ခုကို တွေ့ရစဥ်

၂. ၁၂. ၂၀၂၂
Written by Ye Kyaw

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ငါးနှစ်ကျော်ကာလအတွင်း နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတို့မှ တောင်သူဦးရေ ၅၆၀၀ ခန့်ကို သက်သာသောအတိုးနှုန်းဖြင့် ကျပ်ဘီလျံ ၂၃၀ ကျော်အထိ ထုတ်ချေးပေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါချေးငွေများတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစ၍ အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူတစ်ဦးချင်း ငွေကျပ်သိန်း ၇၀၀ အထိကို နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးခဲ့သည့် ချေးငွေစီမံကိန်းလည်း ပါဝင်သည်။

ထို့အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြိုနယ် ၁၈၇ ခုမှ တောင်သူ ၅၅၉၂ ဦးသို့ ထွန်စက်ကြီး ၂၆၇၇ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၂၆၆၅ စီး၊ ထော်လာဂျီ ၂၁၅ စီး၊ လက်တွန်းထွန်စက် ၂၈ စီး၊ ဆန်စက် နှစ်လုံး၊ ကောက်စိုက်စက် နှစ်စီး၊ အခြောက်ခံစက် သုံးလုံးတို့အတွက် ချေးငွေကျပ် ၂၃၀ ဒသမ ၉၄၇ ဘီလျံ ထုတ်ချေးထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ဖြစ်သည်။

ထို့ပြင် ချေးငွေရယူလိုသော တောင်သူများသို့ ဆက်လက်ထုတ်ချေးပေးသွားရန် ဆောင်ရွက်လျက်ရှိပြီး တောင်သူများ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုစီမံကိန်းဖြစ်၍ စဥ်ဆက်မပြတ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *