October 30, 2024

SAC ဥက္ကဋ္ဌနှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တွေ့ဆုံစဥ်

၂.၁၂.၂၀၀၂
Written by Nay Aung

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးသူများ ပိုမိုများပြားလာခြင်းမရှိမီ အပစ်အခတ်ရပ်စဲရေးအရှိန်မြင့်နိုင်ရန်အတွက် တပ်မတော်နှင့် AA တို့ သည် လျိုဝှက်စေ့စပ်ဆွေးနွေးမှုများ လုပ်ဆာင်ရန်ပြင်းပြသည့် ဆန္ဒပြများရှိနေခဲ့ကြောင်း ဂျပန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီ ဆာဆာကာဝါက ဆိုသည်။

ဂျပန် ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ယိုဟီဆာဆာကာဝါသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲမှုများရယူနိုင်ရန် ပထမအကြိမ် ကြားဝင်စေ့စပ်ဖူးခဲ့ပြီး လက်ရှိအချိန်က သူ့အတွက် ဒုတိယအကြိမ် ကြားဝင်စေ့စပ်ခြင်းဖြစ်ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး ရယူနိုင်ရေးကြိုးပမ်းမှုများက ခက်ခဲသည့်အခြေနေများရှိခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး ရယူနိုင်ရန်အတွက် နောက်ဆုံးရက်သတ်မှတ်ခြင်းများ လိုအပ်မည်ဟုမယုံကြည်ကြောင်း၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကလည်း အပစ်ခတ်ရပ်စဲရေးသာဖြစ်၍ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများပေးသွားရမည်ဖြစ်ကြောင်း ယိုဟီဆာဆာကာဝါက ဆိုသည်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် နိုဝင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော ဂျပန်အခြေစိုက် Chunichi Shimbunနှင့် တွေ့ဆုံချိန်အတွင်း ယင်းကဲ့သိုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

AA သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တပ်နှင့်ပစ်ခတ်ရပ်စဲမှု ရယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲမှု ရယူနိုင်ရေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဆာဆာကာဝါက ဂျပန်အစိုးရကိုယ်စားလှယ်အဖြစ် AA နှင့် တပ်အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွင် ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ကြောင်း ဂျပန်နီပွန်ဖောင်ဒေးရှင်းက နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နွေရာသီနောက်ပိုင်းတည်းက တပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲအရှိန်မြင့်တက်ခဲ့ရာ နေရပ်စွန့်ခွာထွက်ပြေးသူများ များလာခဲ့သလို လူသားချင်းဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများ နှောင့်နှေးခဲ့ကြောင်း သိရသည်။ ဆာဆာကာဝါသည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံသို သွားရောက်ခဲ့ပြီး မြန်မာ့တပ်ခေါင်းဆောင်အပြင် AA နှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါဆွေးနွေးမှုများအတွင်း အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုများရှိခဲ့သလို လူသားချင်းဆိုင်ရာ အကူညီများ ဆက်လက်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်းသိရသည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါသည် အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အသေးစိတ်လုပ်ငန်းများလုပ်ကိုင်ရန် ယခုနှစ်ကုန်တွင် ရခိုင်ပြည်နယ်သို သွားရောက်ရန်စီစဉ်ထားကြောင်း သိရသည်။

“လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးဟာ အစားအစာတွေကို ယာယီဖြန့်ဝေပေးရုံနဲ့ အဆုံးသတ်မှာမဟုတ်ဘူး။ လူသားချင်းဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တွေထဲမှာ ကျောင်းတွေတည်ဆောက်ပေးတာ၊ ဆေးခန်းတွေဖွင့်ပေးတာ၊ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးရမယ့်အစီအစဉ်တွေ ပါ၀င်ရမှာပါ၊ လူသားချင်းဆိုင်ရာအကူညီတွေ ဆက်လက်ပေးနေမယ်ဆိုရင် ငြိမ်းချမ်းရေးအသီးအပွင့်တွေ၊ မြင်ရမှာဖြစ်ပြီး အဲဒီကတဆင့် အပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားမှာဖြစ်တယ်” ဟု ဆာဆာကာဝါက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *