October 21, 2024

၈. ၂. ၂၀၂၄
Written by Nyein Kyaw

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုယ်ဝန်ဆောင်သည် အပါအဝင် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးအား တပ်မတော်က ပစ်သတ်ခဲ့သည့်ဆိုကာ မဟုတ်မမှန်သတင်းများကို ပြည်ပရောက် Exile မီဒီယာများက ဝါဒဖြန့်ရေးသားနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ထိုသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၅ ရက်တွင် ရှားတောဒေသအတွင်း တပ်မတော်မှ နယ်မြေလှုပ်ရှားသွားလာမှု မရှိကြောင်းနှင့် စစ်ဘေးရှောင်များကို သတ်ဖြတ်ခဲ့သည်ဆိုသည်မှာလည်း အခြေအမြစ်မရှိသည့် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ပရောက် Exile မီဒီယာများက မဟုတ်မှန်ကောလာဟလ သတင်းများကို လုပ်ကြံ‌ရေးသား ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *