October 20, 2024

၇. ၂. ၂၀၂၄
Written by Nay Aung

ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် အခြားမြန်မာအစိုးရတာဝန်ရှိသူများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စဉ်းစားလျက်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းအရာရှိတစ်ဦးဖြစ်သော Miah Md Mainul Kabir က ပြောသည်။

မြန်မာအာဏာပိုင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဆုတ်ခွာခဲ့သော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရတာဝန်ရှိသူများကို လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ခေါ်ယူရန် အဆိုပြုကမ်းလှမ်းထားကြောင်း ၎င်းကပြောသည်။ ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင်များကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအပြင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုဆုတ်ခွာခဲ့ရာ ဖေဖော်ဝါရီ ၇ ရက် ညနေအထိ ဆုတ်ခွာလာသူ မြန်မာနိုင်ငံသား ၃၂၈ ဦးရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင်ဖော်ပြထားသည်။

“မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးဟာ ဆုတ်ခွာလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်တွေကို မိခင်နိုင်ငံကိုပြန်ပို့ဖို့ဆွေးနွေးနေတယ်။ မကြာမီ ပြန်ပို့နိုင်ဖွယ်ရှိပါတယ်။ မြန်မာအာဏာပိုင်တွေဟာ လေကြောင်းခရီးစဉ်နဲ့ ပြန်လည်ခေါ်ယူဖို့ အဆိုပြုကမ်းလှမ်းထားတယ်” ဟု Kabir က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *