October 20, 2024

၈. ၁. ၂၀၂၄
Written by KL

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာအုပ်စု၊ ဘရင်ဂျီကုန်းရပ်ကွက်တွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားတစ်ဦးက မိမိ လည်ပင်းကိုမိမိ ဓားဖြင့် လှီးဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်တွင် အသက် ၃၉ နှစ်အရွယ် ဦးဆကပေါ် ဆိုသူမှာ နေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကာ စိတ်လွတ်၍ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ခဲ့ခြင်းဖြစ်သည်။

လည်ပင်းလှီး​ဖြတ်နေသော အမျိုးသားကို အနီးနေသူများက တွေ့ရှိသဖြင့် ဝိုင်းဝန်းကူညီခဲ့ရာ လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသောအမျိုးသားကို ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းက သိမ်ဇရပ်ဆေးရုံမှတစ်ဆင့် သထုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းကလည်း သထုံမြို့နယ်၊ နောင်ကုလားကျေးရွာတွင် သက်တော် ၇၅ နှစ်အရွယ်ရှိ ရဟန်းတစ်ပါးက ဝမ်းဗိုက်ကို ကြက်သွန်လှီးဓားဖြင့် ထိုး၍ အဆုံးစီရင်ခဲ့ရာ အသက်မသေဘဲ ထိုးသွင်းဒဏ်ရာသာ ရရှိခဲ့ပြီး လူဝတ်လဲဖမ်းဆီးခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *