October 20, 2024

MT News
၈. ၂. ၂၀၂၄

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာ ၃ သောင်းကျပ် တိုးမြှင့်သည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံခဲ့ခြင်းနှင့် ပတ်သက်၍ ထိုသို့ ပင်စင်လစာတိုးမြှင့်ပေးရန်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားမှုမရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်တွင်းမီဒီယာတစ်ခု၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ နှုန်းဖြင့် ၂၀၂၃ ခုနှစ်အောက်တိုဘာမှ စတင်ကာ လစဉ်ခံစားခွင့်ပြုခဲ့သည်။

အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် (တစ်ထောင်ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုခဲ့ပြီးနောက် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများကလည်း အငြိမ်းစားလစာတိုး မြှင့်ပေးရန် လိုလားနေချိန်တွင် ယခုရက်ပိုင်းက ပင်စင်လစာ ကျပ် ၃၀၀၀၀ တိုးမြှင့်ပေးမည်ဟု သတင်းထွက်ပေါ်လာခဲ့သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကမူ ထိုသို့ထုတ်ပြန်ခဲ့မှုမရှိကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *