October 19, 2024

MT News
၈. ၂. ၂၀၂၄

ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ် အချိန်ခန့်က အင်းစိန်ထောင်အနီး အင်းစိန်မြို့နယ် စျေးကုန်းအနောက်ရပ်ကွက်ရုံကို Dark Shadow အဖွဲ့နဲ့ မဟာမိတ် GOD အဖွဲ့ PDF နှစ်ဖွဲ့ ပူးပေါင်းပြီး အဝေးထိန်းစနစ် အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow က ပြောပါတယ်။

ဒီအုပ်ချုပ်ရေးမှူးရုံးဟာ ပြည်သူလူထုကို အစဉ်အမြဲ ဒုက္ခပေးနေပြီး အစိုးရ အုပ်ချုပ်ရေး ယန္တယားလည်ပတ်အောင် ရပ်ကွက်ထဲက ပြည်သူတွေကို အနိုင်ကျင့်၊ ငွေညှစ်အုပ်ချုပ်မှု လုပ်ဆောင်နေတာကြောင့် ပစ်မှတ်အဖြစ် သတ်မှတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်မယ်ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြည်သူတွေအသွားအလာများချိန် နေ့ခင်းကြောင်တောင်အချိန်မှာ လုပ်ခဲ့တာဖြစ်လို့ သွားလာနေတဲ့ပြည်သူပိုင်ယာဥ်တွေ ပျက်စီးခဲ့သလို တက္ကစီးတစ်စီးအပါအဝင် အများပြည်သူထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ကနဦးသိရပြီး MT News က ဆက်လက်အတည်ပြုနေပါတယ်။

Dark Shadow နဲ့ GOD ဟာ နှစ်ရက်ဆက်တိုက် ရန်ကုန်မှာ ဗုံးခွဲနေတာဖြစ်ပြီး မနေ့ကလည်း မြေနီကုန်းတံတားအောက်က လုံခြုံရေးတပ်ဘန်ကာနဲ့ လှိုင်သာယာရခိုင်ရိုးလေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *