October 19, 2024

၈.၂.၂၀၂၄
Written By Thandar

ဂီတပိုင်းနဲ့ ပတ်သက်ရင် တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ အဆိုတော် စိန်လင်း@တိုးတက်ကတော့ “ဘဲကြီးတို့ခေတ်” Music Video ကတော့ လက်ရှိခေတ်မှာ ဖြစ်ပျက်နေတာကို ဘဲကြီးတွေအမ်းကြတဲ့အကြောင်းကို တည်ပြီး
သီဆိုထားတာလို့ပြောလာပါတယ်။

“ကျွန်တော့်ရဲ့ သီချင်းခေါင်းစဉ်လေးက “ဘဲကြီးတို့ခေတ်” ပါဗျ။ လက်ရှိခေတ်မှာ ရေလျှံတဲ့ဘဲကြီးတွေ အမ်းကြတာတွေရှိတာကို တေးရေးဆရာ ဗျတ္တက ရေးစပ်ပေးထားတာပါ။ အမှန်က ဘဲကြီးရယ်မှ မဟုတ်ဘူး ဆော်ကြီးတွေလည်း အမ်းကြတယ်လေ။ ထွက်ဖို့အကြောင်းအမျိုးမျိုးကြောင့် အခုမှ ထွက်နိုင်ခဲ့တာပါ”လို့ အဆိုတော် စိန်လင်း@တိုးတက်က ပြောပါတယ်။

အဆိုပါ တေးသီချင်းကို EDM music type ပုံစံ တေးရေးဆရာ ဗျတ္တရေးပေးသားပေးထားပြီးတော့ ဒါရိုက်တာ ရဲရင့်က သရုပ်ဆောင် ညီနန္ဒ ၊ ချယ်ရီနန်း ၊ စိန်လင်း@ တိုးတက် စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

“ကျွန်တော်က လူပျိုသိုးကြီး ဖြစ်နေပြီ ချစ်မယ့်သူမရှိပါဘူးဗျ။ လူတွေက ရုပ်ရှိရေလျှံဘောစိလို့ တွေးပြီး ချစ်သူတော့ရှိမှာပဲဆိုပြီး လာမကြိုက်ကြတာမို့ အခုထိ Single ပါပဲဗျ။ ကျွန်တော်က မအမ်းပါဘူး။ အမ်းရမယ့်သူမရှိပါဘူး။ ပရိသတ်ကြီးပဲရှိတာ ချစ်ရမယ့်သူဆိုလို့” သူက ဆက်ပြောပါတယ်။

“ဘဲကြီးတို့ခေတ်” Music Video သီချင်းကိုတော့ မနက်ဖြန် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ Destino Entertainment က ဖြန့်ချိမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *