October 19, 2024

၈. ၂. ၂၀၂၄
Written by Nyein Kyaw

လယ်ယာထွက်ကုန်မှရရှိသည့် ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုနှင့် ရော်ဘာ တင်ပို့မှရရှိသည့် ပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုသတ်ဆေးများ တင်သွင်းခြင်းအား ခွင့်ပြုပေးထား၍ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးကို အဓိကထားဆောင်ရွက်ရန် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိပြီး အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ ၅၀-၅၀ ရာခိုင်နှုန်းအစား ၃၅-၆၅ ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရာသီချိန်ကာလ (၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ) ရော်ဘာတင်ပို့မှုမှ ရရှိသော ပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့ပြင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးနှင့် ပြောင်း တင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်မဆန်စေရး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *