October 19, 2024

၈. ၂. ၂၀၂၄
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကူရင်းချောက်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာက ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌနဲ့ ဝန်းရံသူတစ်ဦးကို NUG ဩဇာခံ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီ ၃၀ အချိန်ခန့်မှာ နေအိမ်အသီးသီးကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတစ်ဝက်မှာ သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးဟာ ပြည်ခိုင်ဖြိုးပါတီ ရပ်​​ကျေးအုပ်စုဥက္ကဋ္ဌ ဦးတင်မွှေး၊ အသက် ၆၅ နှစ်ဆိုသူနဲ့ဝန်းရံသူဦးစိုးနိုင်ဝင်း(ခ)ဦးကြီးမောင်တို့ဖြစ်ပြီး စလင်းပကဖအဖွဲ့ဝင် PDF တွေက နေအိမ်အထိဝင်ရောက်ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ခေါ်ယူသွားပြီး ပုသိမ်-မုံရွာလမ်းဘေး၊ ရှရှားရွာလမ်းခွဲထိပ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေးမှာထားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အပေါ် စလင်းပကဖက ဦးတင်မွှေးနဲ့ ကိုဖိုးကြီး(ဦးကြီးမောင်) တို့ကို ဝင်ရောက်ဖမ်းဆီးချိန်မှာ တစ်တောင်ထိုး 5.56 တစ်လက်နဲ့ ၉ မမ တစ်လက်သိမ်းဆည်းရမိခဲ့သလို ပြန်လည်ခုခံပစ်ခတ်တာကြောင့် နေရာတင်ပွဲချင်းပြီး သတ်လိုက်တယ်ဆိုပေမဲ့ ထုတ်ပြန်ထားတဲ့ပွဲတွေမှာတော့ ဦးတင်မွှေးနဲ့ ဦးကြီးမောင်တို့ဟာ နေအိမ်မှာ ခုခံပစ်ခတ်လို့ တိုက်ပွဲဖြစ်ရင်း သတ်ဖြတ်တဲ့ပုံမဟုတ်ဘဲ ဖမ်းသွားပြီးမှ လမ်းဘေးမှာပစ်သတ်ခဲ့တဲ့ပုံဖြစ်သလို တွေ့ရှိသိမ်းဆည်းတယ်ဆိုတဲ့ သေနတ်ကိုလည်းထုတ်ပြန်နိုင်တာမတွေ့ရပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လပိုင်းကလည်း ငွေချေးလုပ်ငန်းတစ်ခုကို သိန်းရာချီဓားပြတိုက်နေတယ်လို့ ဝေဖန်ခံခဲ့ရသလို သူတို့အမြင်မကြည်သူတွေကို ဒလန်၊ သတင်းပေးစွပ်စွဲပြီးသတ်ဖြတ်နေတာကြောင့်လည်း ဝေဖန်ရှုတ်ချခံရမှုမြင့်တက်နေတဲ့ PDF အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *