၇.၁.၂၀၂၄
Written by KL
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ဓမ္မသုခကျောင်းတွင် သီတင်းသုံး နေထိုင်သည့် သက်တော် ၇၅ နှစ်အရွယ် ရဟန်းတစ်ပါးက ကြက်သွန်လှီးဓားဖြင့် မိမိကိုယ်ကို အဆုံးစီရင်မှု ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ သက်တော်(၇၅)နှစ်၊ ဝါတော်(၁)ဝါရှိသော ဥူးဇနကမှာ မိမိ ဝမ်းဗိုက်ကို ဓားဖြင့် ထိုး၍ အဆုံးစီရင်ရာ အသက်မသေဘဲ ထိုးသွင်းဒဏ်ရာသာ ရရှိခဲ့ပြီး သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေခဲ့ရသည်။
ထိုအဆုံးစီရင်မှုနှင့် ပတ်သက်၍ရဲတပ်ဖွဲ့က မြို့နယ်သံဃအဖွဲ့အစည်းများထံ တင်ပြလျှောက်ထားခဲ့ရာ သာသနာရေးရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥူးဇနက၊ လူအမည် ဦးအောင်ငွေကို လူဝတ်လဲကာ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။