October 18, 2024

၇. ၁. ၂၀၂၄
Written by Thettant

ရော်နယ်ဒိုဟာ အယ်လ်နက်ဆာကို ထမ်းတင်ခဲ့တယ်ပြောရင် ငြင်းခုန်ကြသူတွေက မက်ဆီပါလည်း ရှုံးနေတဲ့ အင်တာမိုင်ယာမီကိုကြတော့ နားလည်မှုအပြည့်ပေးခဲ့ပေမဲ့လည်း ၂၀၂၃ စက်တင်ဘာ ၂၁ ရက်မှာ တိုရွန်တိုအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့နိုင်ပြီးကတည်းက ၁၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ အင်တာမိုင်ယာမီဟာ Goat ကြီး မက်ဆီပါမလာနိုင်ခဲ့တဲ့ ဟောင်ကောင်အောစတားအသင်း Honkong Xi နဲ့ ရင်ဆိုင်အတွေ့မှာ ၄ ဂိုးသွင်းပြီး နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပေမဲ့လည်း ဒီနေ့မှာတော့ ထပ်ရှုံးပြန်ပါပြီ။

ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာကို ၆ ဂိုးပြတ် အရှက်ရဖွယ်ရှုံးတဲ့ပွဲအပါအဝင် ရာသီကြိုခြေစမ်းပွဲ ငါးပွဲကန်ရာမှာ ဟောင်ကောင်အောစတားအသင်းကိုပဲ မက်ဆီမပါဘဲ နိုင်ခဲ့တာဖြစ်သလို ဂျပန်က ဗစ်ဆယ်ကိုဘေးအသင်းကိုလည်း မက်ဆီပြန်ပါလာချိန်မှာ အစကပြန်ရှုံးခဲ့တယ် ဆိုရမလိုပါ။

ဒီနေ့ပွဲမှာ ဂျပန်ကိုဘေးအသင်းဟာ ၄-၂-၃-၁ နဲ့ ပွဲထွက်ခဲ့ပြီး အင်တာမိုင်ယာမီကတော့ ခံစစ်မှာ အယ်လ်ဘာ၊ ကွင်းလယ်မှာ ဘူးစ်ကတ်၊ တိုက်စစ်မှာ ဆွာရက်နဲ့ ဘာကာဂန္တဝင်တစ်သိုက်အထိုင်ချ ၄-၃-၃ နဲ့ ပွဲဝင်ပြခဲ့ပေမဲ့ ဂျပန်ကို မလှန်နိုင်ခဲ့ပါဘူး။ ပွဲချိန် မိနစ် ၆၀ မှာ မက်ဆီဝင်လာပြီး ဂိုးရဖို့နီးစပ်ခဲ့သလို အသာစီးပြန်ရခဲ့တာရှိပေမဲ့ ဂိုးရဖို့မစွမ်းဆောင်နိုင်ချိန်မှာတော့ ပင်နယ်လ်တီကန်ခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း ဒီပင်နယ်လ်တီမှာ မက်ဆီကန်ခွင့်မရတဲ့ အင်တာမိုင်ယာမီက ကမ်ပနာ၊ ဂရက်ဆဲလ်၊ အယ်လ်ဘာတို့ဆက်တိုက်ဝင်ခဲ့ပေမဲ့ တေလ်လာနဲ့အယ်လ်လမ်တို့လွဲခဲ့သလို ကိုဘေးကလည်း အိုဆကာ၊ မီရာရှိယို၊ ယူရုကိတို့ဂိုးဝင်ပေမဲ့ ရာမာဂူချီနဲ့ ဟတ်စုဆဲတို့ ဂိုးမဝင်တာကြောင့် ဂျပန်ကိုဘေးက လီနိုက ၆ ဂိုးမြောက်ကန်သွင်းချိန် ဂိုးဝင်ပေမဲ့ အင်တာမိုင်ယာမီက ဂျော့ချ်က ဂိုးမဝင်လို့ ၄ ဂိုး ၃ ဂိုးနဲ့ရှုံးခဲ့တာပါ။

ဒါပေမဲ့လည်း မက်ဆီဝင်လာမှ အင်တာမိုင်ယာမီကလူစဥ်မှီခဲ့သလို ဟောင်ကောင်မှာလို့ ကလိမ်ကကျစ်အလုပ်ခံရပြီး မက်ဆီကစားတာ မမြင်ရမှာ စိုးရိမ်နေတဲ့ ဂျပန်ပရိတ်သတ်တွေကတော့ တော်တော်ပျော်ခဲ့ကြတယ်ပဲ ပြောရမှာပါ….။

Leave a Reply

Your email address will not be published. Required fields are marked *