၇. ၂. ၂၀၂၄
Written by Naing Thuta
အိပ်ခန်းအတွင်းရှိ ပလတ်စတစ်အမှိုက်ပုံးထဲသို့ ဆေးလိပ်တိုအား မီးမငြှိမ်းဘဲထည့်ထားရာက မီးစတင်လောင်ကျွမ်းမှု မန္တလေးတွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၇ ရက်)မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၂၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အသက် ၆၃ နှစ်အရွယ်အမျိုးသားကြီး ပိုင်ဆိုင်သော ပေ ၄၀ ပတ်လည်၊ RC ၃ ထပ်တိုက်၏ ပထမထပ်၊ ၈ ပေပတ်လည် အိပ်ခန်းအတွင်းရှိ ပလတ်စတစ်အမှိုက်ပုံးအတွင်းသို့ ဆေးလိပ်တိုအား မီးမငြှိမ်းဘဲထည့်ထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးစီးသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ဦး၊ အရန်မီးသတ်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်ယာဉ် ၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၄၉ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် မွေ့ယာ ၁ ခု၊ အခန်းတွင်းရှိ အဲကွန်းနှင့် ပစ္စည်းအချို့များ(စုစုပေါင်းတန်ဖိုးငွေ ၁၅၀၀၀၀ ကျပ်ခန့်)ပျက်ဆီးဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာ အသုံးပြုသူသည့် အိမ်ပိုင်ရှင်အား အမှတ် (၆)နယ်မြေ ရဲစခန်းတွင် (ပ)၁၁/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။