October 19, 2024

၆.၂.၂၀၂၄
Written By Thandar

သရုပ်ဆောင်ပိုင်းရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ အရင်နှစ် ဖေဖော်ဝါရီ ၁၄ ရက် Valentine Day မှာ ကိုယ့်ချစ်တဲ့သူတွေနဲ့အတူ ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။

“Valentine Day မှာ ထွေထွေထူးထူးတော့မရှိပါဘူး။ ဒီနှစ်လည်း အလုပ်နဲ့ဖြတ်သန်းဖြစ်မှာပါ။ အရင်နှစ်တွေက တော့ နန်းဆု ပရိသတ်တွေနဲ့ဖြတ်သန်းတာများတယ်။ ပွဲတွေရှိရင် သီချင်းတွေဆိုရင်ပေါ့။ အရင်နှစ် Valentine Day မှာ ကိုယ့်ချစ်တဲ့သူတွေနဲ့ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းဖြစ်တယ်။ ခရီးလေးတွေ ထွက်နေရတာလည်း ရှိတယ်။ တစ်နှစ်နဲ့ တစ်နှစ်ကတော့ မတူပါဘူး။ ဒီနှစ်မှာတော့ အလုပ်လေးနဲ့ ဖြတ်သန်းဖြစ်မှာပါ။ နန်းဆုအတွက် နေ့တိုင်းကတော့ မျှော်လင့်ထားတဲ့ Surprise ကတော့ နေ့တိုင်းရနေပါတယ်”လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ပြောပါတယ်။

သူမကတော့ မကြာခင်မှာ တေးသီချင်းသစ်တစ်ပုဒ်ထပ်ထွက်လာဖို့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ရှိနေတာလည်း ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး အလှကုန်တွေကိုလည်း ထုတ်လုပ်ထားသူဖြစ်ပါတယ်။ ဒါ့တွေအပြင် အချစ်ရေးနဲ့ပတ်သက်ပြီးလည်း အဆိုတော်တစ်ယောက်နဲ့ ပရိသတ်တွေက ထင်ကြေးပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပွဲမှာလည်း လွှမ်းပိုင်နဲ့အတူ တွေ့ခဲ့ရတဲ့ ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာသေးတာတွေ့ရပြီး အဲဒီအပေါ်လည်း ဘာမှမပြောချင်ပါဘူးလို့ နန်းဆုရတီစိုးက ပြောပါတယ်။

“နန်းဆု အချစ်ရေးတွေကို မပြောချင်သေးပါဘူး။ နန်းဆုကတော့ My Day ကိုယ့်ရဲ့ အမှတ်တရလေးတွေ ပြန်ကြည့်လို့ရအောင် တင်ဖြစ်တာပါ။ တစ်နေ့တာ အမှတ်တရလေးတွေ တင်ဖြစ်တာပါ။ အချစ်ရေးကတော့ ပရိသတ်စိတ်ဝင်စားနေတာတော့ ဒီလိုပါပဲ။ နန်းဆုမပြောချင်ဘူး။ ပုံလေးတက်တာလည်း နန်းဆုအနေနဲ့ ဘာမှမပြောချင်ပါဘူး” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *